Unicode;
ဆော့ဂျင် ကျောင်းပြီးသည်အထိ ဂျယ်ဂျူမှာနေခဲ့တာ ၅နှစ်ကျော်ခဲ့ပြီ... Seoul ကိုလည်းလွမ်းသလို အဆက်အသွယ်မရတာကြာပြီဖြစ်တဲ့ Jimin နဲ့ Hoseok ကိုလည်းသူအတော်လေးလွမ်းနေပြီ....
ဂျယ်ဂျူမှာက သူတို့မိသားစုလေး တော်တော်အဆင်ပြေနေကြသည်.... Appa တို့ရဲ့ကြက်ကြော်ဆိုင်လေးကလည်း ရောင်းကောင်းသလို သူဦးစီးနေတဲ့ ဖွားဖွားရဲ့ Convenience Store လေးကလည်း တစ်ဖက်တစ်လှမ်းက ဝင်ငွေရသည်...
“Seokjinnie...!! Bill ရှင်းမယ်...!!”
သူ့အမည်ခေါ်သည့် သံပြိုင်အသံကြောင့် သူ့အတွေးတွေရပ်တန့်သွားရသည်...
“Seokjinnie လို့ခေါ်မယ်ဆို မှတ်ပုံတင်အရင်စစ်ရလိမ့်မယ်နော် ကလေးတို့...”
သူခပ်နောက်နောက်ပြောတော့ အလယ်တန်းကျောင်းသူတစ်သိုက်က တစ်ခစ်ခစ်နဲ့သဘောကျနေကြသည်....
“ကဲ..ရယ်တာလေးတွေရပ်.. ဒီနေ့လည်းစာသေချာကြိုးစားပြီး ပျော်ပျော်နေကြရမယ်နော်..ဖိုက်တင်း...!!”
“Nae...!!”
“ရော့ seokjinnie oppa တွက် ညီမရဲ့လက်ဆောင်....”
ကလေးမလေးတစ်ယောက်က သူ့လက်ထဲကဒ်လေးတစ်ခု ထိုးပေးလာသည်... ကျန်တဲ့ကလေးများကလည်း တစ်ဝိုးဝိုးနဲ့စနောက်နေကြသည်... သိပ်မကြာ မုန့်တွေတစ်ပွေ့တစ်ပိုက်ပိုက်ကာ သူ့ကိုအားလုံးကသူ့ကိုပြုံးပြရင်း ထွက်သွားကြသည်...
ငယ်ရွယ်မှုဆိုတာ ပြန်မရနိုင်တဲ့အရာတွေမို့
သူလွမ်းဆွတ်မိသား....သူ့လက်ထဲက ကလေးမလေးပေးခဲ့သည့် ကဒ်လေးငုံ့ကြည့်မိတော့ သူ့ဓာတ်ပုံလေး ဖြစ်နေသည်.... သူ့ဆိုင်ရှေ့မှာ သူလေညှင်းခံ နေတဲ့ပုံလေး... ဘယ်ချိန်ခိုးရိုက်ထားလိုက်လည်းသူပင်မသိလိုက်....ဓာတ်ပုံအောက်မှာလည်း For Seokjinnie Love You တဲ့လေ.... ဒီကလေးမလေးတွေက သူ့ကိုတစ်နေ့တစ်မျိုးမရိုးရအောင်ကြူးနေကြတာ...သူလည်း ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံအိတ်လေးကို ထုတ်လိုက်ကာ ထိုပုံလေးထည့်လိုက်သည်....
ထို့နောက် မဖွင့်ကြည့်ဖြစ်တာကြာပြီဖြစ်တဲ့ အရင်တုန်းကဖုန်းလေးကို Power ဖွင့်လိုက်ပြီး Gallery ထဲ ဝင်မွှေဖို့ဆုံးဖြတ်လိုက်သည်...ရုတ်တရက်ကြီးသူလွမ်းလာလို့ ပုံလေးတွေအလွမ်းပြေကြည့်ချင်သည်...
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!