Chapter 2

88 16 3
                                    

ဒီနေ့က ကမ္ဘာပျက်ကပ်စတင်မယ့်ပထမဆုံးနေ့ဘဲ။
ယန်းလီဟာနှလုံးခုန်နှုန်းမြန်ဆန်လာသည်။
သူမှတ်မိတာသာမှန်ရင်အရင်ဘဝကဒီနေ့မှာဘဲကောင်းကင်ဟာရုတ်တရတ်မှောင်လာပြီးနေမင်းကြီးကလည်းသွေးရောင်ကဲ့သို့နီရဲရဲအဖြစ်ပြောင်းလဲသွားခဲ့သည်။ကမ္ဘာ​​ ပေါ်မှာရှိတဲ့အပင်တွေ၊ တိရိစ္ဆာန် တွေနဲ့လူတွေဟာသန္ဓေပြောင်းလာခဲ့ကြသည်။ သန္ဓေပြောင်းဖြစ်စဥ်ဖြစ်ပြီးနောက်မှာလူအများစုဟာ ဇွန်ဘီအဖြစ်ပြောင်းလဲသွားကြပြီးလူအချို့ဟာအထူးစွမ်းအင်များရရှိလာခဲ့ကြသည်။လူအနည်းစုဟာလည်းမူလပုံမှန်လူသားအဖြစ်ဘဲဆက်လက်မပြောင်းလဲဘဲဖြစ်လာခဲ့ကြသည်။
အရင်ဘဝမှာတုန်းက သူသည်အထူးစွမ်းအင်ရရှိဖို့ရန် လုံလုံလောက်လောက်ကံကောင်းမှုရှိခဲ့သည်။သူရရှိခဲ့သည်စွမ်းအင်သည် တိုက်ပွဲတွင်ကာကွယ်ဖို့စွမ်းရည်မရှိသောနေရာလွတ်စွမ်းအင်ဘဲ ဖြစ်ရင်တောင်မှသူကျေနပ်ခဲ့သည်။သူ၏စွမ်းရည်ဖြစ်သည့်နေရာလွတ်ကိုဖွင့်ရန်တွေးလိုက်ရုံဖြင့်ဖွင့်လို့ရခဲ့သည်။ယန်းလီဟာရုတ်တရတ်သတိရသွားခဲ့သူ အခုချိန်မှာသူဘာစွမ်းအင်မှမရှိတဲ့သာမှန်လူတစ်ယောက်ဘဲဆိုတာကို။ဒါပေမဲ့သူ့နေရာလွတ်ကဘယ်လိုလုပ်ပြီးဖွင့်လို့ရနေတာလဲ။ဘာလို့အခုနေရာလွတ်ကအရင်နေရာလွတ်ထက်ပိုကြီးပိုကျယ်နေရတာလဲ။သူပြန်မွေးဖွားလာတော့နေရာလွတ်ပါအတူတူပြန်ပါလာခဲ့တာဖြစ်နိုင်မလား။ယန်းလီထိုအကြောင်းအရာနှင့်ပတ်သတ်၍ဆက်မတွေးတော့ပေ။သူဟာပျော်ရွှင်ပြီးတော့ကျေနပ်နေခဲ့တယ်ဒီဘဝမှာတော့ သေချာပေါက်သူ့မိသားစုကိုဘယ်လိုအန္တရာယ်မျိုးမှဖြစ်စေမှာမဟုတ်ဘူး။
''အမေသားပစ္စည်းတွေကိုမထုတ်ပိုးနဲ့တော့နော်။ဒီနေ့ကျောင်းစဖွင့်မှာ မဟုတ်တော့ဘူး။သားအပြင်ခဏသွားလိုက်ဦးမယ်အမေတံခါးကိုလုံအောင်သေချာပိတ်ပြီးသားကိုစောင့်နေနော်''ယန်းလီဟာလျင်လျင်မြန်မြန်သတိပေးလိုက်သည်။ထို့နောက်သူ့အိပ်ယာပေါ်မှာဖုန်းကိုဆွဲယူလိုက်ပြီးအပြေးထွက်သွားတော့သည်။ယန်းဟယ်ဟာ ထွက်သွားတဲ့သူ့ရဲ့သားကျောပြင်ကိုစိတ်ရှုပ်ထွေးစွာကြည့်နေတော့သည်။
သူ့ရဲ့အရင်ဘဝမှာဇွန်ဘီတွေထွက်ပေါ်လာတုန်းက သူဟာကျောင်းမှာရှိနေခဲ့တာဖြစ်သည်။အဲ့ဒီတုန်းက ကျောင်းတိုင်းဟာစဖွင့်နေခဲ့ပြီဖြစ်လို့လူတော်တော်များများဟာသက်ဆိုင်ရာကျောင်းမှာရှိနေခဲ့တာဖြစ်သည်။အဲ့တာကြောင့်ဘဲ ကျောင်းဟာဇွန်ဘီအများဆုံးဖြစ်ပေါ်ရာနေရာဖြစ်ခဲ့ပြီးအန္တရယ်အများဆုံးနေရာဖြစ်ခဲ့သည်။
ထို့ကြောင့်ဒီဘဝမှာတော့သူကျောင်းကိုမသွားတော့ဖို့ဆုံးဖြတ်လိုက်သည်။ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်ဖရိုဖရဲ ဖြစ်နေနဲ့အ​ခြေအနေကိုဖြတ်ကျော်ဖို့ရန်အချိန်ခနတာသူ့အမေနဲ့အတူအိမ်မှာဘဲနေဖို့သူဆုံးဖြတ်ထားသည်။
အခုပထမဆုံးဦးစားပေးက အထောက်အပံ့ပစ္စည်းတွေစုဆောင်းဖို့ဘဲ ဖြစ်သည်။
ယန်းလီသည်ကားလမ်းပေါ်ရောက်လာတဲ့အခါမှာ သူ့ဘေမှာဖြတ်သန်းသွားလာနေတဲ့လူတွေရယ် ရှုပ်ထွေးနေတဲယဥ်တန်းများကိုကြည့်ပြီးမိန်းမော​ေနခဲ့သည်။နောက် ၁၀ နာရီကြာပြီးတဲ့အခါမှာယခုမြင်ကွင်းဟာသွေးလွှမ်းနေတဲ့မြင်ကွင်းအဖြစ်ပြောင်းသွားမယ်ဆိုတာလုံးဝယုံကြည်နိုင်ကြမှာမဟုတ်ဘူး။
ယန်းလီဟာစိတ်ငြိမ်ဖို့ရန်အတွက်အသက်ယပြင်းပြင်းရှုလိုက်ပြီး နေရာလွတ်ထဲကိုအထောက်အပံ့ပစ္စည်းတွေထည့်ဖို့ရန်နည်းလမ်းကိုတွေးတောနေခဲ့သည်။
ယန်းလီတွေးတောနေရင်းလမ်းပေါ်ဖြတ်သွားသွားတဲ့ထရတ်ကားတွေကိုတွေ့လိုက်သည်။သူသည်လိုင်း​ ပေါ်တွင်ထရတ်ကားငှားရန်းသည့်ပလတ်ဖောင်းကိုရှာလိုက်ပြီး ကြီးမားသည့်ထရတ်ကားငှားရန်ရန်အော်ဒါတင်လိုက်သည်။သိပ်မကြာခင်မှာဘဲ ကြီးမားတဲ့ထရတ်ကားမောင်းနှင်းသူဟာ စူပါမားကတ်များစွာရှိတဲ့မြို့လယ်ခေါင်ကိုယန်းလီပေးတဲ့လိပ်စာအတိုင်းမောင်းနှင်းလာခဲ့သည်။
ယန်းလီဟာသူ၏ကားကိုစူပါမားကတ်ရှေ့တွင်ပါကင်ထိုးလိုက်ပြီးနောက်စူပါမားကတ်ထဲသို့လမ်းလျှောက်ဝင်သွားခဲ့သည်။ထို့နောက်စူပါမားကတ်မန်နေဂျာကိုရှာပြီး သူလိုချင်တဲ့ပစ္စည်းတွေစာရင်းကိုပြောပြလိုက်သည်။
''လူကြီးမင်း ဒီစာရင်းထဲကပစ္စည်းအားလုံးကိုဝယ်မှာသေချာရဲ့လား။''စူပါမားကတ်မန်နေဂျာဟာအနည်းငယ်ထိတ်လန့်သွားပြီးသေချာအတည်ပြုရန်ထပ်မံမေးမြန်းခဲ့သည်။
''ကျွန်တော်ဝယ်မှာသေချာပါတယ်။ပစ္စည်းတွေကိုကျွန်တော့ထရတ်ကားထဲထည့်ဖို့လူနည်းနည်းလောက်ကူညီခိုင်းလို့ရမလား ကျွန်တော်အလျှင်လိုနေလို့ပါ''ယန်းလီဟာပြန်ပြောခဲ့သည်။
စူပါမားကတ်မန်နေဂျာဟာသတိထားပြီးပြန်မေးလိုက်သည်။
''လူကြီးမင်းဝယ်လိုတဲ့ပစ္စည်းပမာဏများတာကြောင့်အရင်ငွေပေးချေပေးလို့ရမလား''
ယန်းလီဟာ အခြားလူတွေရဲ့ကြောက်ရွံမှုကိုသိခဲ့သည်။သူဒီပစ္စည်းတွေယူသွားပြီးငွေမပေးချေမှာကြောက်ရွံနေခဲ့တာကိုသိတာကြောင့်အများကြီးမပြောတော့ဘဲအနောက်ဘက်ကနားနေခန်းသို့မန်နေဂျာနှင့်အတူလိုက်သွားလိုက်သည်။ဝယ်ဖို့ရန်လိုအပ်တဲ့ပစ္စည်းအရေအတွက်ကိုတွက်ချက်နေသည်။

**Eh Eh**ဒီnovelလေးလူများများသိအောင်မိတ်ဆက်ပေးကြပါဦးဖတ်တဲ့သူက တကယ်ကိုနည်းလွန်းလို့ပါ။လူအယောက်၂၀၀ပြည့်ခဲ့ရင်အဲ့နေ့ကျရင်အပိုင်း3ပိုင်းတင်ပေးမယ်နော်

You've reached the end of published parts.

⏰ Last updated: Apr 14 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်မွေးဖွား ပြီးနောက်ကြာပန်းဖြူလေးရဲ့crushတွေကိုမသိလိုက်ဘဲရယူမိလိုက်ခြင်းWhere stories live. Discover now