1

6.7K 44 0
                                    

ဩစတင်

ဩစတင်

ဩစတင်

ထိုသူသည် အသက်၃၀နီးပါးရှိသည့်အမျိုးသားတစ်ဉီးဖြစ်သည် ။ ၆ပေနီးပါးရှိသည့်အရပ်နှင့်ထိုအမျိုးသားသည် နက်မှောင်နေသည့်ဆံပင်များကိုလှန်တင်ထားကာ ဝါးဝင်းပြီးအသားရည်ကောင်းသူတစ်ဉီး။ လှပစွာထုဆစ်ထားသော ဝတ်စုံအပြည့်နှင့် ထိုယောက်ျား၏ ယောက်ျားပိသမှုကို ချီးကျူးရမည်ဆိုပါလျှင် ကုန်ဆုံးမည်မဟုတ်ပါ ။

မီးရောင်တဖျပ်ဖျပ်နဲ့ ကင်မရာတွေကြားထဲကနေ အော်ဟစ်အားပေးနေကြတဲ့ ပရိသတ်အများအပြားကို ဩစတင် နွေးထွေးတဲ့အပြုံးတစ်ခုတုန်ပြန်ပြလိုက်သည်။
သူ၏ပရိတ်သတ်များမှာအပြုံးတစ်ပွင့်ကြောင့် ထိုနေရာတွင်အရည်ပျော်ကျမတတ်ဖြစ်သွားကြသည် ။

ဩစတင် လက်လှမ်းမိသည့်ပရိတ်သတ်များအတွက် သူ၏လက်မှတ်များကိုထိုးပေးရင်း
အထဲဝင်ခါ နီးတွင် ပရိတ်သတ်ဘက်ကိုလှည့်ကာ fly kissတစ်ချက်ပေးလိုက်သည်။
သူ၏ပရိတ်သတ်များထံမှ အော်သံများအလူးအလဲထွက်လာကြသည် ။
ဩစတင်နောက်ဆုံးတစ်ချက်ပြုံးပြရင်း အတွင်းဝင်သွားလေသည်။

ထိုနောက် ဓာတ်လှေကားစီ လျှောက်လာကြသည်။ ဩစတင်သည် သူ၏အတွင်းရေမှုးနောက်တွင်ရပ်ကာ ဓာတ်လှေကားစောင့်နေသည်။ ဓာတ်လှေကားရောက်လာ၍ တံခါးဖွင့်တာနှင့်  ရွှေအိုရောင်ဆံပင်ရှည်တွေကိုအရှေ့ကိုဘုတ်သိုက်ချပြီး ပုလင်းဖင်လောက်ရှိတဲ့မျက်မှန်ကိုတပ်ထားသည့်ကောင်လေး မှုန်မှိုင်းနေတဲ့ပုံဟန်ရှိတဲ့ ရှပ်အကျီအရောင်မှိုင်းကိုဝတ်ထားသည် ။ ဩစတင်ကို အူကြောင်ကြောင်ကြည့်နေတာကြောင့် ဩစတင် နွေးထွေးစွာပြုံးပြပြီး အထဲဝင်လိုက်သည်။

ထိုကောင်လေးသည် ဩစတင်လောက်ရှိပြီး ဩစတင်ပြုံးပြသည်ကိုမပြုံးပြဘဲ ခေါင်းလေးငုံ့ကာ ဓာတ်လှေကားမှထွက်သွားလေသည်။ ထိုကောင်လေးရဲ့ ကျောပြင်ကျယ်ကို ဓာတ်လှေကား တံခါးမပိတ်ခင် ဘာအတွေးမှမဝင်ဘဲကြည့်မိသည်။ဩစတင်သည် ထိုလူမျိုးကို အရှုံးသမားတွေလို့ သမုတ် ထားသူဖြစ်၍ စိတ်ထဲမထားဘဲ သူ၏အတွင်းရေးမှုး ဓာတ်လှေကားရွေးပေးတဲ့အထပ်ကိုသာ ကြည့်နေတော့သည်။

SuperstarWhere stories live. Discover now