အခန်း (၁၆)

44 4 0
                                    

16 01

ဒါဒါလေးနှင့် မှင်စာရွာ (အပိုင်း-၁၆)

နှေးကွေးသော ခြေလှမ်းတို့နှင့် အိပ်ဆောင်အနီးသို့ ရောက်လာတော့.. ဒါလေး ပုခုံးလေးအား.. လက်အေးအေးဖြင့် လှမ်းပုတ်လိုက်ကို ခံလိုက်ရ၏။

"ဘုတ်.. ဘုတ်.."

"အား!!.."

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဒါလေး အသံကုန်အောင် အော်ပစ်လိုက်မိသည်။ သူ့ကို မလှပဘူးဟု ပြောဆိုခြင်းအား မနှစ်သက်သော သရဲမလေး ဒယ်ဇီ..၊ ဒါလေး ဒီဝိဉာဉ်မလေးနှင့် မရင်းနှီးပေ။ ထို့ပြင် သူ့ကို ကြောက်တတ်သေးသည့် အပြင်.. အခုလို လက်အေးနှင့် ထိတွေ့လာမှုက သွေးပျက်မတတ်ပင် ခံစားလိုက်ရသည်။

သို့သော် ဒါလေး ဖြစ်ပျက်သွားတာကို ဒယ်ဇီက နားမလည်ပဲ.. သူမဖာသာ ဝမ်းနည်းစွာ ငိုကြွေးဖို့ ဆိုင်းပြင်းနေသည်။ ဒါလေး ထိုဝိဉာဉ်မလေးကို ဘယ်လို ချော့ရမလဲ ဆိုသည့် အတွေးနှင့် ခေါင်းကုတ်လိုက်မိသည်။

"ဟိုင်း.. ဒယ်ဇီ.. ညအိပ်မပျော်လို့လား.."

အသံနှင့် အတူ ဆယ်ဆာဗန်၏ ရေတံခါးက ပွင့်သွားကာ.. ဒရက်က ရောက်လာ၏။ ဒရက် ရောက်လာပြီ ဆိုမှ ဒယ်ဇီက ဒါလေးကို တအံ့တသြဖြင့်..

"ငါမင်းကို ထိတွေ့လို့ ရတယ်.."

"ဟုတ်တယ် မင်းလက်တွေက အေးစက်နေတာလဲ.."

"အေးစက်နေမှာပေါ့ ငါက အမ်မာ.. ဒရယ်ဆန် ကျိန်စာနဲ့ သေဆုံးခဲ့တာကိုး.."

"အမ်မာ ဒရယ်ဆန်.. ဟုတ်လား.. မင်းကို သတ်တဲ့သူက ရက်စက်လိုက်တာ.."

အမ်မာ ဒရယ်ဆန် ဆိုတာက တစ်ကိုယ်လုံးရှိ အသွေးအသားများ အေးခဲ သွားစေပြီးနောက် ပေါက်ကွဲစေသည့် ကျိန်စာ ဖြစ်သဖြင့် ဒရက်က ထိုသို့ ဆိုသည်။ ဒရက် ပြောလိုက်ကာမှ သူမက ပိုပြီး ဝမ်းနည်းသွားဟန်ဖြင့် ငိုကြွေးလေတော့သည်။

"ဟုတ်တယ် ရက်စက်လိုက်တာ ငါ့ကို ဘယ်သူက အဲ့လို သတ်သွားလဲ ဆိုတာကို မသိလိုက်ရတဲ့ ငါက အရမ်းသနားဖို့ ကောင်းတာပဲ.."

"ဟုတ်တယ် ငါ့ကို သတ်သွားတဲ့ သူကို ငါမသိလိုက်ရဘူး.. ငါ့နားထဲမှာ အမ်မာ ဒရယ်ဆန် !!.. ဆိုတဲ့ ဆိုးရွားတဲ့ ကျိန်စာကို ကြားလိုက်ရပြီး ရုတ်တရက် သတိလစ်သွားခဲ့တယ်.. ငါ ပြန်သတိရလာတော့.. ငါ့ဝိဉာဉ်က ငါ့ခန္ဓာကိုယ်နဲ့ ကင်းကွာပြီး.. အခုလို ဖြစ်နေပြီ.. ငါ့ခန္ဓာကိုယ်ကိုတောင် အခုထိ ငါရှာမတွေ့သေးဘူး.. အီးဟီး.. ဟီး.."

ဒါဒါလေး အပိုင်းဆက်မှော်လောကဇာတ်လမ်းWhere stories live. Discover now