"ချောလိုက်တာ ဒီက ကိုကိုချောနာမည်က ဘယ်လိုခေါ်လဲဟင်"
"...................."
"ဟင် ကိုကိုချောက ဘာလို့ငိုနေတာလဲ"
"...................."
"ခန့်မှားသွားလို့လားဟင်...ဘာဖြစ်လို့လဲ....တစ်နေရာရာကနာလို့လား"
"ခန့်ခန့်"
"ဗျာ....ကျွန်တော့်နာမည်ကိုဘယ်လိုသိတာလဲ"
———————
~၆လကြာပြီးနောက်~
"ကိုယ်တို့ လမ်းခွဲရအောင် ခန့်စေသူ"
"ကိုကို့သဘောပါ"
ကြိုသိနေပြီးသား စကားပေမယ့် ခန့်မအံ့ဩပါ။ ကိုကို့မျက်လုံးကိုစေ့စေ့ကြည့်တော့ ကိုကိုက မျက်နှာကိုလွဲပစ်တယ်။ အကြည့်ကိုတောင်တွန့်တိုတတ်လာပြီပေါ့ ကိုကိုရာ။
ကိုကို ပြောလာမှာကိုခန့်သိတယ်။ ကို့ကို့ကို ဒီလိုလေးတည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်ဖို့ ခန့်အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ တကယ်ပြောဖို့ ရောက်လာတဲ့အချိန်မှာလည်း ခန့်တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမယ့် ဘာလို့များ အဲ့လောက်နာကျင်ရပါသလဲ။
ကိုကိုထွက်သွားတဲ့ အခန်းလေးက ဗလာအခွံလိုပဲကျန်ခဲ့တယ်။ ဗလာအခွံထဲမှာ ခန့်တစ်ယောက်တည်း။ ဒါက ခုမှဖြစ်တာမှမဟုတ်ဘဲ။ ဒီလိုခန့်တစ်ယောက်တည်းဆိုပြီးခံစားရတာက ၆လကျော်ပြီထင်တယ်။ ခုက ခန့်လွတ်လပ်သွားတာပါ။ ဒါပေမယ့် ခန့်လဲပြိုရအုံးမယ်။
"ကိုယ့်ရဲ့ချစ်သူဖြစ်ပေးနိုင်မလား ခန့်"
"ကိုယ့်ရဲ့ ခန့်ခန့်ဖြစ်ပေးနိုင်မလား"
နားထဲဝေ့ဝဲနေတဲ့ စကားသံတွေကြောင့် ခန့်မှာ နားကိုလက်နှစ်ဖက်နှင့် အုပ်ပိတ်လိုက်သည်။ မျက်ရည်စီးကြောင်းများက အဆက်မပြတ်။
လွန်ခဲ့တဲ့ ၇နှစ် နည်းပညာနှီးနှောဖလှယ်ပွဲမှာ စတင်တွေ့ဆုံတယ်။
ကိုကိုက ပွဲကို လှူဒါန်းထောက်ပံ့သူ ၂၅နှစ်အရွယ် အသေးစားလုပ်ငန်းရှင်၊ ခန့်က ၁၉နှစ်အတွယ် ထူးချွန်နည်းပညာကျောင်းသား။
၁နှစ်ကြာရင်းနှီးမှုတည်ဆောက်ပြီးမှ ချစ်ရေးဆိုကာ စတင်လာတဲ့ ၆နှစ်ကြာအတူချည်နှောင်လာတဲ့အချစ်တွေက အငွေ့ပျံ ပျောက်ကွယ်တတ်တာလား။
YOU ARE READING
ထပ်ချစ်ခွင့်ရမယ်ဆို မင်းကိုသာ (One Shot)
Short Story"ထပ်ပြီးချစ်ခွင့်ရမယ်ဆို မင်းကိုသာထပ်ပြီးချစ်မှာပါ" "ရွေးချယ်စရာ ၁၀၀ရှိလည်း မင်းကသာ အခါ၁၀၀သော ရွေးချယ်မှုဖြစ်မှာ"