အပိုင်း 1

80 3 0
                                    

// Unicode //

🐚 အပိုင်း-၁ 🐚

လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများ ဖယ်ရီဖြင့် တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြသော်လည်း အပ်နှင်းမှာပြန်လို့ရသေးပေ။အဖေလာကြိုမည်ကို စောင့်နေရသဖြင့် နာရီကြည့်ရင်း လည်ပင်းလေး တစ်ရှည်ရှည်။

"-ရုံလေး...ပြန်သေးဘူးလား"

အသံနှင့်အတူ ဘေးနားရောက်လာသူက မန်နေဂျာမမ သော်တာအေးပင်။

"ဟုတ်မမ...အဖေက ဒီနေ့မှ ဘာလို့ကြာနေမှန်းမသိဘူးရယ်"

"ဖုန်းဆက်ကြည့်ပြီးပြီလား...လေးလေးတို့ကုမ္ပ‌ဏီက Overtime ဆင်းရလို့များလား"

"မဖြစ်နိုင်ဘူးမမ...အဖေက နောက်ကျမယ်ဆို အမြဲဖုန်းဆက်တယ်..ကြိုပြောတယ် ဒီနေ့မှဘာမှကြိုမပြောတာ လဲမသိဘူး..ဧကန္တ"

"ဟုတ်တယ် ဧကန္တပဲ -ရုံရဲ့....ဆိုင်ကယ်မောင်းနေရင်း လမ်းမှာမတော်တဆဖြစ်လို့များကြာနေတာလား..နေဝင်တော့ အန္တရာယ်များတယ်...ဖုန်းထပ်ဆက်ကြည့်လိုက် အခုဆက်လိုက်"

မသော်တာ၏ ပြူးပြူးပြာပြာ ပြောလိုက်သံကြောင့် အပ်နှင်းရင်ထဲထိတ်သွားမိသည်။'ဘုရား အဖေ့ကိုကယ်ပါ စောင့်ရှောက်ပါ တပည့်တော်မဆီ ဘေးကင်းကင်းနဲ့ရောက်လာနိုင်ပါစေအရှင်ဘုရား'

စိတ်ထဲမှာဆုတောင်းရင်း လက်ကအဖေ့ဆီရင်တမမနဲ့ဖုန်းခေါ်မိသည်။တဖက်တွင်ဖုန်းဝင်သော်လည်း ချက်ခြင်းမကိုင်သဖြင့် အပ်နှင်းပို၍စိတ်ပူလာသည်။သူမမျက်လုံးများလှုပ်ရှားပီး ရင်တုန်နေတာမြင်သည့်အခါ မသော်တာက သူမပုခုံးကို ခပ်ဖွဖွကိုင်ပေး၏။ဖုန်းမြည်သံဆုံးကာနီးမှ ဖုန်းဝင်တော့သည်။

"ဟယ်လို...အဖေ...အဖေဘယ်မှာလဲ...-ရုံ့ဆီလာနေပီလား..ဟယ်လို"

တဖက်က ချက်ချင်းပြန်မဖြေ။အဖေတစ်ခုခုဖြစ်ပြီအထင်နှင့် အပ်နှင်း အော်မေးလိုက်သည်။

"အဖေ့!!...အဖေဘယ်ရောက်နေတာလဲ...-ရုံမေးနေတာဖြေဦးလေ"

"မင်းက ဦးလေးဇော်လှိုင်ရဲ့သမီးလား"

"ဟင်..ဒါကျမအဖေအသံလည်းမဟုတ်ဘူး ရှင်ဘယ်သူလဲ"

တဖက်မိန်းခလေးကသူမေးတာကိုချက်ခြင်းမဖြေ၍
ဈာန်စိတ်တိုလာသည်။
ထို့ကြောင့်...

You've reached the end of published parts.

⏰ Last updated: Apr 20 ⏰

Add this story to your Library to get notified about new parts!

နူးညံ့သောအမိန့်တော်Where stories live. Discover now