1.3K 107 5
                                    

ကံ့ကော် စိတ်လှုပ်ရှားကာ ခြေဖြားလက်ဖြားတွေ
အေးစက်နေသည်။
ရာရာက သူမကို မကြောက်နှင့်ဟုဆိုကာ လက်ကို
ဆုပ်ကိုင်ပေးထားသည်။
ခမ်းနားကြီးကျယ်လွန်းလှသည့် စံအိမ်ကြီးအတွင်း
ဧည့်ခန်းထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်ကာ
ရာရာနှင့်ကံ့ကော်နှစ်ယောက်သာ ရှိသည်။
တူညီယူနီဖောင်းတွေဝတ်ဆင်းထားသော အိမ်အကူ
နှင့်ခြံလုပ်သားတွေကို ဒီခြံကြီးထဲစဝင်လာကတည်း
ကတွေ့ရသည်။
အိမ်အကူတစ်ယောက်က သူမတို့အတွက် လက်ဖက်
ရည်ဖျော်လာပေးသည်။
သို့ပေမယ့် လက်ဖက်ရည်ခွက်တွေကိုတော့ နှစ်
ယောက်လုံးလက်မလှမ်းဖြစ်။
စားပွဲပေါ်က လက်ဖက်ရည်ခွက်တွေ မအေးခင်မှာ
ပဲ အိမ်အပေါ်ထပ် လှေကားပေါ်က ဆင်းလာသည့်
အသက် ခြောက်ဆယ်ကျော်ဟုထင်ရသော
အမျိုးသားကြီးတစ်ဦးကို တွေ့လိုက်ရသည်။

"အဖိုး..."

ရာရာက ထိုင်ရာမှထတော့ ကံ့ကော်လဲ မက်တပ်ရပ်
လိုက်သည်။
အမျိုးသားကြီးက သူတို့ကိုပြုံးပြကာ ပြန်ထိုင်ဖို့
ပြောသည်။
အခု သူမရောက်နေတာ မြန်မာနိုင်ငံက အချမ်းသာ
ဆုံးစားရင်းဝင်သော သူဌေးတစ်ဦးရဲ့ရှေ့မှာဖြစ်နေ
သည်ဆိုတာကို အခုထိ မယုံနိုင်သေးချေ။

"အဖိုး...ဒါ ရာရာလက်ထပ်မယ့်မိန်းကလေး"

ရာရာက သူ့အဖိုးထိုင်ခုံမှာထိုင်သည်နှင့် ချက်ချင်း
ဆိုသလို ဖွင့်ပြောသည်။
ကံ့ကော် ကြောက်စိတ်ကြောင့် အဖိုးဖြစ်သူကို
မကြည့်ရဲချေ။
ရာရာကတော့ အင်မတန်မှ တက်ကြွနေလေသည်။
ဦးညီညီထွဋ်က သူ့မြေးကိုသဘောကျစွာနှင့်
ပြုံး၍ ကြည့်နေပြီး

"အဖိုးအားလုံးသိပြီးပါပြီကွ "

ထိုစကားကြောင့် ရာရာနှင့်ကံ့ကော် အံသြသွားကာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ
သည်။

"အဖိုးက ဘယ်လိုဖြစ်ပြီး သိနေတာလဲ
ရာရာ့နောက်ကို လိုက်ကြည့်ခိုင်းထားတာလား"

"ငါ့မြေးနောက်ကိုမလိုက်ခိုင်းပါဘူး ငါ့မြေး
ဘဏ်အကောင့်ကိုပဲ စောင့်ကြည့်နေတာ
အခုတလော ငွေထွက်ကြမ်းနေလို့ တစ်ချက်စုံ
စမ်းကြည့်လိုက်တာ "

စပွန်ဆာ(paid)Where stories live. Discover now