**2**

454 54 25
                                    


မြေအောက်ကားပါကင်ဖြစ်နေတာကြောင့် အလင်းရောင်ကမှောင်မိုက်နေသည့်အပြင် လူသူရှင်းလင်းနေတာကြောင့် စျေးဝယ်ထားသည့်တွန်းလှည်းနှင့်အတူ ရပ်နေသော မင်းသားငယ်ကိုမြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်...။

လူကိုမြင်သည်နှင့် အဆင်သင့်ထုတ်ပိုးထားသော ဖာတွေကို မ...လေတော့ ကားနောက်ဖုံးကို အမြန်ဖွင့်ပေးရင်း သူ့ဆီသွားလိုက်ရသည်...။

"ငါသယ်ပေးမယ်...မင်းငြိမ်ငြိမ်နေ..."

လှည့်ကြည့်လာသည့် အကြည့်မှာ နာခံရိပ်တို့မရှိပါ...။

ဘေးမှာအတူတူရှိနေသည့်နောက်ထပ်ဖာတစ်ခုကို သယ်ပြီးဘေးချင်းယှဥ်လျှောက်လာသည်...။

"ငါသယ်ပေးပါ့မယ်ပြောနေတာကို ဘာဖြစ်လို့လဲ..."

"မင်းကငါ့ရဲ့ကိုယ်ရံတော်မှမဟုတ်တာ..."

"ကိုယ်ရံတော်မှသယ်ပေးလို့ရတာလား..."

"မင်းကကြင်ယာတော်ဖြစ်လာမယ့်သူလေ... အဲ့တာကြောင့် မင်းကိုမခိုင်းချင်ဘူး... အနီးနားမှာကြည့်နေတဲ့မျက်လုံးတွေလဲမရှိဘူးဆိုတော့ ပေါ့ပေါ့ပါးပါးနေရအောင်ပါ..."

"..."

ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့သည့်အချိန်မှာ သူက ကားတံခါးဖွင့်ပြီး ဝင်ထိုင်နေခဲ့သည်...။

"ဒီလိုလူပြတ်တဲ့နေရာမှာ ဘာလို့စောင့်နေတာလဲ..."

"ပစ္စည်းတွေကားထဲထည့်ဖို့ အဆင်ပြေတဲ့နေရာပဲကို ဘာဖြစ်လို့လဲ..."

"ကျွတ်...မင်းအတွက်အန္တရယ်ရှိတယ်... ပြီးတော့ ဒီလိုမျိုး Public Areaမှာ တစ်ယောက်ထဲလျှောက်သွားနေတာကလဲ မဟုတ်သေးဘူး..."

မျက်နှာကို တစ်ဖက်သို့ သိသိသာသာလှည့်လိုက်သည့်အနေအထားအရ ပြောလိုက်သည့်စကားကို မကျေနပ်ခြင်းမှာ သိသာသွားခဲ့သည်...။

"ဘယ်သူကသူ့ကို အတွင်းရေးအရာရှိလို့ မယုံမှာကြနေတာပဲ နေရာတိုင်းမှာတာဝန်ကျေချင်နေတော့တာပဲ... ကိုယ်ရံတော်တွေနဲ့မသွားချင်လို့ပေါ့ ဒီလို အခွင့်အရေးကိုစောင့်နေတာ ကြာလှပြီ... အစတည်းက မင်းနဲ့အတူမပြန်ဘူးလို့ပြောသားပဲ... ငါ့ဘာသာပြန်လဲ အဆင်ပြေတာကို မင်းကလာကြိုမယ်ဆိုလို့ ခေါ်လိုက်ရတာမဟုတ်ဘူးလား... အခု ငါ့ကြောင့်မင်းအလုပ်ရှုပ်သွားရရင် တောင်းပန်ပါတယ်..."

He Is My Husband (ZhiJun)Where stories live. Discover now