Prologue

650 70 5
                                    

" ခေါင်းလောင်းပန်းလေးရေ ၊ အမည်းရောင် ခေါင်းလောင်းပန်းလေး

နှင်းဆီတွေက အလင်းရောင်ကို ပိတ်ကာလို့ သူ့ကို မုန်းကြပြီး

လီလီပန်းတွေကလည်း သူ့ရဲ့ အမွှေးရနံ့ကို ညစ်ထေးစေတယ်ဆိုပြီး ငိုတတ်ကြတယ်။
ခြေတံတိုတဲ့ ရေညှိတွေလည်း ထိတ်လန့်လို့သွားရင်း အက်ကွဲကြောင်းတွေကြားကို တွယ်ဖက်တက် ၊ နံရံတစ်ခုလုံးကို ကုပ်ဖက်တက် "

ညသန်းခေါင်ယံအချိန် ၊ နေမင်းကတော့ အနောက်အရပ်ကို ကျော်လွန်ဝင်ရောက်သွားချေလေပြီ။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လို့နေလေပြီး မော်ကျယ်(Capricorn)ခရိုင်ကတော့ အိပ်မောကျနေဆဲ။

မော်ကျယ်ခရိုင်အစွန်း ရှင်းယောင့်မြို့ ၊ ပဒေသရာဇ်၏ ရဲတိုက် ၊ ဒုတိယထပ်ရှိ စာကြည့်ခန်းငယ်။

( T/N - ပဒေသရာဇ် ဆိုတာကတော့ နယ်မြေတစ်ခုခုကို ပိုင်စိုးခဲ့တဲ့ အရှင်သခင်တွေကို ခေါ်လေ့ရှိတဲ့ ရှေးကအခေါ်ပါ။ 领主 ကို ဘယ်လိုပြန်ရင်ကောင်းမလဲ လိုက်ရှာရင်းကနေ ဒါက အကိုက်ဆုံး ဖြစ်နိုင်တဲ့အတွက် ဒါကို ရွေးခဲ့တာပါ။)

လိုက်ကာစများကို ဆွဲမချရသေး။ Bluetooth Speaker ထံမှ တစ်ဆင့် ကလေးသီချင်းတစ်ပုဒ်က အေးတိအေးစက်ဖြင့် လွင့်ပျံလို့ လာနေသည်။ စာကြည့်ခန်း၏ ပိုင်ရှင် တဖြစ်လဲ ရှင်းယောင့်မြို့၏ ပဒေသရာဇ် သခင်ကြီးခမျာ ကြမ်းပြင်ထက်တွင် အတိုင်းသား မှောက်လဲလို့နေခဲ့လေပြီး မျက်နှာကမူ ဘေးသို့ လှည့်နေကာ အရောင်ရင့်ရင့် ကျောက်သလင်းဘူးတစ်ခုကို မျက်နှာမူလျက်သား။

အသွင်ထူးလှသည့် ဖန်ချောင်းအမြှောင်းလေးတစ်ခုက ပဒေသရာဇ်၏ နောက်စေ့နှင့် ထိုပုလင်းလေးကို ဆက်သွယ်ပေးထားခဲ့ပြီး လက်ရှိ၌မူ ထိုသူ၏ ဦးနှောက်ကို စုပ်ယူလို့ နေခဲ့သည်။

ပဒေသရာဇ် ဖြစ်သူ၏ မျက်ဆန်အိမ်များကတော့ ပြူးကျယ်နေပြီ ဖြစ်ပါ၏။

ခေတ္တမျှ အကြာ၌မူ အဖြူရောင် လက်အိတ်များကို ဝတ်ထားပါသည့် လက်တစ်စုံက အမြှောင်းချောင်းလေးကို ဖြတ်တောက်လိုက်ပြီးနောက် သလင်းဘူးလေးကို ကောက်ယူလိုက်ကာ အလင်းရောင်၏ အောက်တွင် အကဲခတ်လာခဲ့လေသည်။ "လက်အိတ်ဖြူ" ဟာ အစက်ချတံ တစ်ချောင်းကို သုံးလိုက်ရင်းဖြင့် သလင်းဘူးထဲမှ အရည်များကို တစ်စက်ထုတ်ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် မြည်းစမ်းကြည့်လာခဲ့၏။ အပြီး၌မူ သက်ပြင်းတစ်ချက် ချလာခဲ့သည်မှာ အချဥ်ဖောက်ခြင်း ကျရှုံးသွားခဲ့ပါသည့် ဝိုင်ကို သောက်မိခဲ့ပါသည့်အတိုင်း။

Pure White Devil | 纯白恶魔Where stories live. Discover now