Part 1

0 0 0
                                    

BMWကားအသစ်ကြီးနဲ့ ကုမဏ္ဏီကိုရောက်လာတဲ့ သူဌေးဆိုင်း၀ဏ္ဏသည် သူ၏ စာရင်းကိုင်ကောင်မလေး နှင်းဝတ်ရည် နှင့်အတူ ကုမဏ္ဏီကိုရောက်လာခဲ့တယ်။
ရှယ်ယာစာရင်း လှမ်းပေးလိုက်သော်

"ဝတ်ရည် ဒါက ဘာလုပ်ဖို့လဲ"

"ဆရာပဲ ရှယ်ယာကြည့်ချင်တယ် ဆိူလို့လေဆရာ"

"ဒါကုမဏ္ဏီရှယ်ယာလား အိမ်ရာစီမံကိန်းရှယ်ယာလား သေချာကြည့် ဝတ်ရည်!"

"အော် ဆရာ ဝတ်ရည်မကြည့်မိလိုက်ဘူး ဝတ်ရည်ပြန်သွားယူပေးမယ်လေ"

ကုမဏ္ဏီဝင်ဝင်ချင်း ဝတ်ရည်ကိုလူရှေ့အော်လိုက်တာကြောင့် ဝတ်ရည် ရှက်သွားတယ်။

"တော်စမ်း ငါ့ညီမကျောင်းသွားကြိုလိုက်ဦးမယ် ကုမဏ္ဏီကိုသေချာကြည့်ထား လက်မှတ်ထိုးရမဲ့ဟာ ကိုညီ့ကိုပေးထား"

"ဝတ်ရည်သွားကြိုပေးမယ်လေ"

"ကိုယ့်အလုပ်ကိုလုပ် ဝတ်ရည်"

ဝတ်ရည်သည် ဘာမျှမပြောတော့ဘဲ ကုမဏ္ဏီထဲပဲ ဝင်သွားတယ်။

ကားပေါ်ပြန်တက်သော ဆိုင်းဝဏ္ဏသည် သူ၏Driver ဦးမြင့်ကို..

"ဦးမြင့် မြန်"မောင်းလေ ညီမလေးစောင့်နေရတော့မှာပဲ"

"မောင်းနေပါတယ် အကိုလေးရယ် ချစ်ချစ်လေးလဲ ဒုတိယနှစ်ကျောင်းသူတောင်ဖြစ်နေပြီကို အကိုလေးရဲ့အချစ်ကလျော့မသွား‌ဘူးနော်"

"ကျနော့်မျက်စိထဲမှာ သူကကလေးလေးတစ်ယောက်ပါပဲ ညီမလေးဆိုသူတစ်ယောက်ပဲရှိတာလေ လျှာမရှည်စမ်းပါနဲ့ဦးမြင့်ရယ်"

"ဟုတ်ကဲ့အကိုလေး"

ကားမြန်မြန်မောင်းလာတာဖြစ်လို့ ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိသွားတယ်။

"ဦးမြင့် ဘာဖြစ်တာလဲ"

"ကျနော်တိူ့ ကောင်မလေးတစ်ယောက် ဝင်တိုက်မိသွားတယ်ဗျ"

"ဟာဆင်းကြည့်ရမှာပေါ့ဗျာ"

ဆိုင်းဝဏ္ဏသည် ကားပေါ်မှဆင်းကြည့်ပြီး ကောင်မလေးကိုတစ်ချက်ကြည့်လိုက်တယ်။

"ညီမဘာဖြစ်သွားသေးလဲ"

"ဘာမှမဖြစ်ဘူးရတယ် ရှင်တို့ကလူလိုသူလိုမှမ‌မောင်းတာရှင့်"

"ဆေးခန်းလိုက်ပို့ပေးရမလားမိန်းကလေး"

"ကျွန်မနာမည် သော်တာဦးရှင့် လိုက်မပို့နဲ့ရတယ်"

စိတ်ဆိုးပြီး ကုန်းထလိုက်သောကြောင့် နာသွားတဲ့ခြေထောက်တစ်ဖက်ဟာ နာကျင်နေတဲ့အရှိန်ကြောင့် ဆိုင်းဝဏ္ဏရဲ့ ရင်ခွင်ထဲ ထိုးလှဲကျသွားတယ်။

"ညီမရရဲ့လားဟင် အကိုဆေးခန်းပို့ပေးပါမယ်"

"ဒါဆိူလဲ သွားမယ် ခြေထောက်ကအရမ်း‌နာနေပြီ"

"အကိုတွဲလျှောက်ပေးမယ်လေ"

တွဲလျှောက်ပေးသော်လည်း တော်"ထိသွားတာမို့ ရင်ခွင်ထဲပဲ လှဲ"ကျနေပါတယ်။

"ဟာကွာ ဒီလောက်ရှိတာ"

လို့ပြောပြီး သော့်ရဲ့ခန္ဓာကိုယ်လေးကို ကြောင်ပေါက်လေး 'မ'ချီလိုက်သလို ကောက်ချီလိုက်ပါတယ်

"ဟာရှင် ဘယ်လိုလုပ်လိုက်တာလဲရှင့် ပြန်ချပေးပါ"

"မင်းမှလမ်းမလျှောက်နိုင်တာလေ‌ တော်တော့ ပါးစပ်ပိတ် လိုက်ခဲ့"

သော်လဲ ဘာမှမပြောတော့ပဲ ကားပေါ်ရောက်တော့ ထိုင်ခုံပေါ် ချပေးလိုက်ပါတယ် လှဲ‌လှဲလေး 'မ'ချီထားတာကြောင့် အောက်ပြန်ချတဲ့အခါ သော့်ရဲ့ အပေါ်ကို ရောက်သွားသလိုဖြစ်သွားတာပေါ့။ သူတို့နှစ်ယောက် ကြောင်တောင်"နဲ့ ကြည့်နေတာက၅မိနစ်လောက်တောင်ရှိနေပြီ။

"ဖယ်တော့လေရှင် သော် အသက်ရှူရခက်နေပြီ ဖယ်တော့"

အ့လိုပြောမှ ဆိုင်းလဲ ဖယ်မလိုက်တယ်။ ဆိုင်းလဲ ရှက်သွားတာပေါ့ ခက်တာက သူတို့နှစ်ယောက်ကိုပြုံးပြုံးကြီး ကြည်ကနေတဲ့ ဦးမြင့်ပါပဲ

"ဦးမြင့်မောင်းတော့လေ ကျနော့်ညီမလေးကိုအရင်ကြိုပြီးမှ ဆေးခန်းလိုက်ပို့ကြတာပေါ့"

                   အပိုင်း(၁)ပြီး

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

အချစ်စစ်ဖြင့် ချစ်မိသော ♡︎Where stories live. Discover now