Ep - 28

6 2 0
                                    

ဘားသွားမည်ဟုအတင်းပူဆာပြီး သူ့ကို ကောင်တာတွင်တစ်ယောက်တည်းထားခဲ့ကာ ဘယ်ကိုလိမ့်သွားလဲမသိသော ကလေးပေါက်အား ခဏတာမျှ စောင့်ဆိုင်းရင်း ကခုန်နေသူများကို ပိုင်ဇေခန့် မျက်လုံးတစ်ချက်ဝေ့ကြည့်မိသည်။

လူဖြူကောင်မလေးများက သံစဉ်နှင့်အညီ ကခုန်နေကြပြီး လေထုတစ်ခုလုံး မြူးကြွကြွခံစားချက်တို့ ပျံ့လွင့်‌နေသည်။

ရုတ်တရက် ဆံပင်ကောက်ကောက်နှင့် ရင်းနှီးနေသော ပုံရိပ်လေးတစ်ခုက ပိုင်ဇေခန့်အနား တိုးကပ်လာသည်။

" ဟိုင်း ရေချယ် မတွေ့ရတာကြာပြီ "

" ဟုတ်တယ် bro ရေ လင်းက ရေချယ့်ကို bro နဲ့ တစ်ခါမှမှ ပေးမတွေ့တာကိုလို့ "

မြန်မာစကားသံဝဲတဲတဲဖြင့် ချစ်စဖွယ်စကားဆိုလာသည့် လူမည်းအမျိုးသမီးလေးအား သူ စိတ်လိုလက်ရပြုံးပြလိုက်ပြီး ချစ်ရသူဖက်က ကာကွယ်ပြောဆိုဖို့ရာ ဟန်ပြင်လိုက်သည်။

" မဟုတ်ပါဘူး ရေချယ်ရာ ကိုယ်က အန်ကယ့် ရုံးမှာဝင်ကူပေးနေတော့ မအားလို့ပါ "

" လင်းက ပြောပြပါတယ် bro တို့ ဒီမှာပဲ နေဖြစ်တော့မယ်ဆို "

" ဟုတ်တယ် ရေချယ်ရဲ့ ကိုယ်တို့အတွက်က ဒီမှာနေတာပဲ ပိုအဆင်ပြေမှာ "

" ဟုတ် ဒါနဲ့ လင်းရော bro တစ်ယောက်တည်းလာတာတော့ မဟုတ်ဘူး ဟုတ် "

" ကိုယ့်ကိုထားပြီး ဘယ်ကိုထွက်သွားလဲမသိပါဘူးကွာ "

" ရေချယ် သွားကလိုက်ဦးမယ် "

လှုပ်တုတ်တုတ်နှင့်ထွက်သွားသူကို ကြည့်ပြီး ပိုင်ဇေခန့် ရယ်ရင်း ခေါင်းခါမိသည်။

သူငယ်ချင်းလို့မပြောရဘူး ။
အကောင်ပေါက်လေးတွေက သိပ်ချစ်ဖို့ကောင်းပါတယ်။

ကလေးငယ်မှာပေးထားခဲ့သော ဝိုင်အပျော့ကို ငုံရင်း သူ့ကို လွမ်းလာရပြီ။

ဒါကလွန်လွန်းနေပြီမလား။
လက်မှနာရီကို ငုံ့ကြည့်တော့ ကလေးငယ်သူ့အနားကထွက်သွားတာ ၁၃ မိနစ်တိတိစွန်းပါပြီ။

သူထရပ်လိုက်ချိန်မှာပင် ရင်ခွင်ထဲသို့ အလုံးလိုက်ပြိုဆင်းလာသော လူဖြူမိန်းကလေးတစ်ယောက်ကြောင့် ‌ဘားကောင်တာနှင့် သူ့ကျောပြင်မိတ်ဆက်သွားသည်။ ရင်ခွင်ထဲမှသူကို ငုံ့ကြည့်တော့ ခေါင်းပင်ဖော်မလာ။

စိမ်းပြာရောင်မျက်ဝန်းတစ်စုံ၏ ညှို့ငင်ခြင်းDonde viven las historias. Descúbrelo ahora