Chapter 2

403 59 13
                                    

[Unicode]
ထူးဆက်သည် စိတ်အလိုမကျ ဖြစ်ရတာမို့ မျက်နှာလေးကို စူပုပ်ကောက်ချိတ်ကာ အင်တာဗျူးအခန်းထဲက ပြန်ထွက်လာလိုက်သည်။ ကောင်းမြတ်စိုးက အင်တာ‌ဗျူး အရင်ဖြေပြီးပေမဲ့ အိမ်မပြန်သေးဘဲ ထူးဆက်ထွက်လာတာကို စောင့်နေသေးသည်။ ထူးဆက်ကိုမြင်တော့မှ ကောင်းမြတ်က မတ်တပ်ထရပ်သည်။ ထူးဆက်က မျက်နှာကို ရှစ်ခေါက်ချိုးထားလို့ ဒီကောင်က ထူးဆက်ကိုလည်း အကဲခတ်သလို ကြည့်လာသည်။

"သံလွင် အခြေအနေ ဘယ်လိုလဲ၊ ဖြေနိုင်လား"

"မဖြေနိုင်ဘူး ဟေ့ရောင်ရေ၊ ငါတော့ ကျပြီပဲ၊ ဟိုအလကားလူကြီး‌ပေါ့ ဆန်ရင်းနာနာဖွပ်တာ၊ ငါ့ကိုသေအောင် ကျပ်တာကွာ"

"ဟေး.. အဲဒီအစ်ကိုက ငါသိတဲ့တစ်ယောက် မဟုတ်လား၊ ပါးစပ်ဖျားမှာတင် နာမည်‌မေ့နေတာကွာ၊ သူ့နာမည်မှာ ခန့်ပါတယ်‌လေ၊ ဘာခန့်လဲ"

"မသိဘူး"

"သံလွင်..မင်းလား သူ့နာမည်ကို မသိတာ၊ မှတ်ဉာဏ်ထဲမှာ ‌မေ့ပျောက်ရင်တောင် နှလုံးသားထဲမှာ ရှိနေတာ မဟုတ်လား"

"ဘာကိစ္စရှိရမှာလဲ၊ သူ့ကို မှတ်ဉာဏ်ထဲမှာလည်း မရှိဘူး၊ နှလုံးသားထဲမှာလည်း မထားဘူး၊ ဘယ်နေရာမှ မရှိတာ"

"ဟုတ်လို့လား၊ ဟာ ဟား.. အဲဒီအပြောလေးတွေ ငါမှတ်ထားမယ်နော် သံလွင်ထူးဆက်၊ ပြီးမှ.. ဟင်း ဟင်း.."

"ပြီးမှ ဘာဖြစ်လဲ"

"ဘာမှမဖြစ်ပါဘူး၊ မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ချင်လို့၊ ပြီးမှ ဖော့ဖယောင်းလို ပျော့ပျောင်းသွားမှာ မြင်ယောင်သေး"

"ပျော့ပျောင်းစရာလား၊ ငါ့စိတ်က နေကျောက်ခဲပဲ၊ မာလွန်းလို့ ဒိုးပြားပစ်လို့တောင် ရတယ်"

"အင်း.. ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ပြောအားရှိတာ‌ပေါ့၊ background ကြီးကလည်း ဟိမဝန္တာလောက် ရှိနေတော့ မစွတ်မိုတိုမှာမှ မင်းအလုပ်မရရင် ဘယ်မှာမှ ရမှာမဟုတ်ဘူး"

"မင်းကမှ အလုပ်ရနိုင်‌သေးတယ်၊ သူလား ငါ့ကိုခန့်မှာ၊ ဖြုတ်ပစ်ချင်လို့ တမင်ညစ်ကြီးကျပြီး ချောင်ပိတ်မေးတာများ မသိရင်ခက်မယ်၊ မယုံရင် စောင့်ကြည့်၊ ငါက သေချာပေါက် ကျမှာ"

My Little CrushOù les histoires vivent. Découvrez maintenant