D 7

68 11 2
                                    

(Uni)

'ကျွန်တော်က Hyungနဲ့တွေ့မှ ပြောင်းလဲခဲ့တာ'
'ကျွန်တော်က Hyungကြောင့် တော်တော်ပြောင်းလဲလာခဲ့တာ'

ခံစားချက် အစစ်အမှန်တွေကို ဖွင့်ဆိုပြသမိတော့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသောလေးက သူသိရှိကြောင်း အပြုံးလေးနဲ့ ထောက်ခံခဲ့တယ်။

Trainee ကာလမှာကတည်းက ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ထူးခြားပြီး ရင်းနှီးတဲ့ ဆက်နွယ်မှုလေးရှိခဲ့တယ်။

အဲ့ဒီဆက်နွယ်မှုလေးက Hyungနဲ့ ကျွန်တော့်ကြား ဖြစ်တည်နေတဲ့ Special Bond လေးပေါ့။

အဆူခံရဖော်ခံရဖက် ကောင်လေးနှစ်ယောက်မှာ တူညီတဲ့အရာတွေ အများကြီးရှိတယ်။

အတူတူပျော်ရွှင်ခဲ့ကြတယ်၊ အတူတူဆူညံခဲ့ကြတယ်၊ အခက်အခဲတွေကို အတူတူကျော်ဖြတ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ တည်ငြိမ်ရင့်ကျက်လာတဲ့ ကျွန်တော့်တစ်ဦးတည်းသောလေးက အနေအေးပြီး တဖြေးဖြေးနဲ့ တိတ်ဆိတ်လာတော့တယ်။

တိတ်ဆိတ်မှုကို အသားမကျနိုင်တဲ့ ကျွန်တော်က အရိပ်တကြည့်ကြည့်နဲ့  စိတ်ပူခဲ့ရတဲ့ အချိန်တွေကို တိတ်တိတ်လေး ဖြတ်သန်းခဲ့ဖူးတယ်။

တိတ်ဆိတ်မှုတွေအပြင် မအားလပ်တဲ့ Schedule တွေကြောင့် ကျွန်တော်တို့ နှစ်ယောက်ကြား နည်းနည်း အလှမ်းဝေးလာသလိုမျိုး ခံစားခဲ့ရတယ်။

သို့ပေမယ့် ဒီစိတ်ခံစားချက်တွေ အားလုံးကို ကျွန်တော့်ရဲ့ တစ်ဦးတည်းသောလေးကပဲ ဖြေလျော့ပေးခဲ့ပါတယ်။

Hyung ဘက်ကနေ ကျွန်တော့်ဆီ အရင်ချဉ်းကပ်လာပေးတဲ့အတွက် ဝမ်းသာကြည်နူးမိသလို ကျွန်တော်တို့ကြားက ဝေးကွာမှုလေးတွေဟာလည်း ဖြေရှင်းပြီးသားဖြစ်သွားတယ်။

Hyung နဲ့လည်း ပိုပြီးနီးစပ်သွားသလို ခံစားရတယ်။

"ချစ်တဲ့သူအတွက် ကိုယ်ဘယ်လောက် ပြောင်းလဲနိုင်တယ်ဆိုတာကို ပြသပေးခြင်းက အကောင်းဆုံးပဲ" လို့ ကျွန်တော်ပြောခဲ့သလိုမျိုး.. ကျွန်တော်ဟာ Hyungကြောင့် ပြောင်းလဲခဲ့တယ်ဆိုတာကို Hyung သိအောင် ပြောပြခဲ့တယ်။

DIARIESWhere stories live. Discover now