(3)

15 2 0
                                    

နောက်နေ့မနက်သို့

" သားကျော်ကြီး မျက်နှာမသစ်သေးပဲ တိုင်စည်ပိုင်းအနားထိုင်ပြီးဘာလုပ်နေတာလဲ "

" ....... "

!! ဂွက် !!

ဦးကျော်မောင် တစ်ယောက်မီးဖိုချောင်ထဲ့မှာဟင်ချက်နေရင်လှမ်းကာအော်ပြောလိုက်သည် ဒါကိုယ်လဲဒင်းကြားမယ်မထင် ဘာတွေထိုင်စဥ်းစားခန်းဖွင့်နေမှန်းမသိ ဒါကြောင့်စိတ်မရှည်စွာလက်ထဲ့ကိုင်လို့ထားတဲ့ယောင်းမကြီးနဲ့ငယ်ထိပ်ကိုယ်ဂွက်ခနဲမြည်အောင်ခေါက်ပေးလိုက်တယ်

" အားးး နာလိုက်တာဖေဖေရယ် "

ထိုအခါမှခေါင်းကိုယ်ပွတ်ကာအသိပြန်၀င်လာတဲ့သားတော်မောင်

" နာအောင်ပဲလုပ်တာလေ "

" အော် ဟုတ်ကဲ့ "

" ထုလိုက်ရ ဖအေကိုယ် "

" ဖေဖေကလဲ သားကစတာကို "

" ထားပါ ဖေဖေမေးအုန်းမယ် "

" အွန်းမေးလေ "

" သားလေးမနက်ထဲကထိုင်မှိုင်နေတာ ပြောစမ်းကောင်မလေးရနေပြီလား ဘယ်အိမ်ကကလေးမလဲ "

" ဦးကျော်မောင်တို့ကတော့လုပ်ပြီ "

" မဟုတ်ဘူးလား "

" ဘယ်ကဟုတ်ရမှာလဲ အခုမှအစပျိုးတုန်းရှိသေးတာ "

" အင်းလေးအဲ့ဒါကြောင့်ပြောပြပါလို့ဆိုတာကို "

" သိချင်ရင်စုံစမ်းပေါ့ သားရွာထဲ့သွားလိုက်အုန်းမယ် "

" စျေးကလဲဆစ်လိုက်တာဆိုတာ ....!နေအုန်းခန "

ခြံအပြင်ရောက်တော့မဲ့ သားတော်မောင်ကိုယ်အမြန်းလှမ်းခေါ်ရသည် အကြောင်းမှာ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာရဲ့အလည်နေရာတဲ တဲ့မှာဆောက်လုပ်ထားတဲ့သူငယ်တန်းကျောင်းကိုယ်ဟိုဘက်ရွာကသူကြီးရဲ့သားကကျောင်းဆရာပြန်လုပ်မယ်ဆိုတာကြောင့် အကူညီလိုရင် သားတော်မောင်ကိုယ်အကူလွတ်မယ်ဆိုတဲ့အကြောင်းပြောခဲ့တာကြောင့် အခုလွတ်ရမယ်လေ ခိုင်းတာခိုင်းရတယ်ဒင်းမျက်နှာကိုယ်လဲကြည့်ရသေးတာ

" ဘာတုန်း ဦးကျော်မောင်ရယ် "

" ဘာတုန်းလုပ်မနေနဲ့ ဒီမနက်ရွာကျောင်းမှာဟိုဘက်သူကြီးရဲ့သားလေးကျောင်းဆရာ၀င်လုပ်လိုက်မယ် အဲ့ဒါကြောင့်သားက ကူညီ "

အချစ်ယူခံDonde viven las historias. Descúbrelo ahora