Part(1)

2K 6 0
                                    

သင်သည် မိန်းမတစ်ယောက် ဖြစ်ပြီး သင်အင်မတန် မုန်းတီးရွံ့ရှာသော ယောက်ျားတစ်ယောက်နှင့် လူသူမနီး ကျွန်းကလေးတစ်ကျွန်း အပေါ်မှာ အတူတကွ နေထိုင်ရမည် ဆိုပါက သင်မည်သို့ ရင်ဆိုင်မည်နည်း.....။
          အကယ်ရွေ့သာ သင်သည် ယောက်ျားတစ်ယောက် ဖြစ်ခဲ့ပြီး သင်အင်မတန်မှ စက်ဆုပ်အော့နှလုးံနာလှသော  မိန်းမတစ်ယောက်နှင့် လူသူမဲ့သော ကျွန်းတစ်ကျွန်း အပေါ်တွင် အတူတကွ ရှင်သန် နေထိုင်ရမည် ဆိုပါက သင်မည်သို့ ရင်ဆိုင်မည်နည်း....။
          -----------------×--------------×------------------×---------------------×----------------------×------------------------×----------------

                '' တောက်........မတွေ့ချင်တဲ့လူကိုမှ လာတွေ့ရတယ်လို့...ကျက်သရေ တုံးလိုက်တာ..ထွီ..''
    မော်တော်ကုန်းပတ်ပေါ်မှာ လူတစ်ယောက် သူမကို မြင်လိုက်တော့ ပထမ အံ့သြသွားသည်..။ ဒုတိယ မျက်မှောက်ကြီး ကြုတ်လို့ ဖျတ်ခနဲ..နောက်ဆုံးမှာ မျက်နှာလွှဲသွားတယ်...။
               '' အောင်မာ...ငပြူးကများ လာပြဲရတယ်လို့ ရှိသေး..ဟွန်း...ထွီ...''
  စိတ်ထဲကနေ ရိုင်းရိုင်းပျပျ ပဲတွေးပြီး ပျစ်ကနဲနေအောင်တံတွေး ထွေးပြပြီး သတ်မှတ်ထားတဲ့ အခန်းထဲ ပဲ ပြန်ဝင်လာခဲ့တော့တယ်..။
       မော်တော်အိပ်ခန်းထဲ ရောက်တဲ့အထိ ဒေါသအရှိန်က မပြေချင်..။ဘယ်ပြေလိမ့်မလဲ...။ဟို သကောင့်သား ခွေး...ကုလား..လူကဖြင့် လမ်းဘေးကွမ်းယာသည်..ကြည့်တော့ မခုတ်တတ်တဲ့ ကြောင်..။ လုပ်တော့ မိန်းမလို မိန်းမရနဲ့ ကျက်သရေတုံး..။ဘယ်ဘဝက ရှေးရေစက်လဲ မသိတော့..။ဘယ်လိုမှ ..မျက်နှာကြောမတည့်..။မတည့်ဆို   ...မတည့်စရာ အကြောင်းတွေက လဲ ရှိနေတယ်လေ..။တကယ်ပါပဲ...ဒီလောက်တွေ့ခဲ့ဆုံခဲ့ တဲ့ အချိန်တို ခဏလေး အတွင်းမှာ ဘယ်လောက်ထိတောင် မုန်းတီးမိသလဲ ဆိုတာ..မသိတော့ဘူး..။ဥပဒေသာ မရှိပဲ နေကြည့်ပါလား ..သူမ အရင်ဆုံး သတ်မှာ အဲဒီ ဘိန်းစား..ကိုပဲ..။သူ့နာမည်က အပနား ဆိုလား...။ ကုလား...ကုလားဒိန်.. ရုပ်ကလဲ ဆိုး..စောက်ကျင့်ကလဲ မကောင်း...လမ်းဘေး ကွမ်းယာသည်..။ အဲ..လမ်းဘေး ဆိုတာက သူမ စာသင်တဲ့ တိုက်အောက်တည့်တည့်မှာ ဈေးရောင်းတဲ့ ကောင်...။
        အခုလဲ တစ်လှေတဲစီး တစ်ခရီးထဲသွား ဆိုပေမဲ့ ခရီးသွားဖော် စိတ်ဓါတ် ဘယ်လိုမှ မွေးလို့မရ..။ ခုချက်ချင်းပဲ ပင်လယ်ထဲ ကျသေသွားပါစေ လို့တောင် ဆုတောင်းမိတယ်..။ တကယ်တော့ သူမ ဒီလောက် မရိုင်းတတ်..။ယဉ်ကျေးသည်..။သိမ်မွေ့သည်..။ပြီးတော့ ရှက်တတ် ကြောက်တတ် သေးတယ်..။ဒါပေမဲ့ အဲဒီ အရှက်အကြောက်တွေ.၊ ယဉ်ကျေး သိမ်မွေ့မှုတွေ အားလုံးပျောက်ကွယ် သွားအောင် လုပ်ခဲ့တဲ့လူ..အဲဒီ..ကုလားကောင်..။  အင်း...မှတ်မိသေးတာ..ပေါ့...။

သက်ထားအလိုကျWhere stories live. Discover now