Chapter 34

472 52 3
                                    

အခန်း ၃၄ လျှို့ဝှက်ဆေ

မထားရဘူးလား?

ဤစာကြောင်း၏အဓိပ္ပါယ်ကို ရုတ်တရက် နားလည်လိုက်သောကြောင့် ဖူလင်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူမက လျင်မြန်စွာ ထရပ်ကာ ဝူကျစ်ချိုးနောက်မှ အိမ်ခန်းထဲသို့ လိုက်ပါသွားခဲ့သည်။

"ထွက်သွား!"

ဝူကျစ်ချိုးက ခန်းဆီးကို လှည့်ပတ်ကာ အတွင်းခန်းထဲသို့ ဝင်သွားချိန်တွင် ကုတင်ပေါ်မှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အော်သံက အကျယ်ကြီး မဟုတ်သော်လည်း ဒေါသများ မျိုသိပ်ထားပုံရသော အော်သံက ဝူကျစ်ချိုးကို တကယ်ပင် ထိတ်လန့်သွားစေပြီး သူ့ကို ရပ်တန့်စေခဲ့သည်။

သူနှင့် အနီးကပ် လိုက်ပါလာသော ဖူလင်းက ရှေ့သို့ လှမ်းတက်ကာ ဝူကျစ်ချိုးကို နှုတ်ဆက်ပြီး ကန့်လန့်ကာများကို အမြန်ဖွင့်ကာ ဝင်သွားလိုက်သည်။ ကုတင်အနားသို့ သူမ ချဉ်းကပ်လိုက်သောအချန်တွင် ဖူလင်းက သူမရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။ ပန်းထိုးစများဖြင့် အလှဆင်ထားသော ကုတင်ကြီးက ရှုပ်ပွနေပြီး အဖြူရောင်ပိုးသားအခင်းများက ရှုံ့တွနေကာ ၎င်းတို့အပေါ်မှ အနီရောင်အစွန်းအထင်းများကို သူမ မြင်နေရဆဲဖြစ်သည်။

ချင်းဖုန့်က သူမ၏ခန္ဓာကိုယ်ကို စောင်ဖြင့် တင်းတင်းကျပ်ကျပ် ထုပ်ပိုးကာ ကောက်ကွေးနေပြီး ခေါင်းကိုသာ အပြင်ထုတ်ထားသည်။ ချင်းဖုန့်က ငိုမနေသော်လည်း လူးလွန့်ရုန်းကန်နေသေးသည်။ သူမ၏ နက်မှောင်သော ဆံပင်များက သွေးစွန်းနေသော အဖြူရောင်ပိုးသားပေါ်တွင် ပြန့်ကျဲနေပုံက ဖူလင်း၏နှလုံးသားကို နင့်နင့်နဲနဲ နာကျင်စေခဲ့သည်။

ဖူလင်းက အထဲဝင်သွားသော်လည်း အချိန်အတော်ကြာအောင် ဘာသံမှ မကြားရသောကြောင့် နောက်ဆုံးတွင် ဝူကျစ်ချိုးက စိတ်မရှည်တော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "မယ်မယ်၊ ဆေးက ပူနေတုန်းသောက်ရင် ပိုကောင်းပါတယ်"

ဟုတ်တယ်၊ ဆေး ရှိသေးတယ်။ ဖူလင်းက ထိုအချိန်မှ သတိပြန်ဝင်လာပြီး ချင်းဖုန့်ကို ရှင်းပြတော့မည့်အချိန်တွင် သူမက ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။

တော်ဝင်မောင်းမဆောင်မှ ဝိုးတဝါး သံသယများWhere stories live. Discover now