end

414 61 15
                                    

" ဝန်း​လေး "

နာမည်​ခေါ်သံ​ကြောင့် ​သူဟာပွင့်မ​နေတဲ့မျက်လုံး​တွေကို အတင်းကြိုးစားဖွင့်ယူလိုက်ချိန် မြင်​တွေ့လိုက်ရပါ​သော မြင်ကွင်းတစ်ခုသည် သူ့အာရုံ​တွေကို ​ထွေပြား​စေခဲ့သည်။ ​ဂျေးဟာ သူ့အ​ရှေ့တွင် ဒူးတစ်ဖက်ကို​ထောက်ကာ ထိုင်ချ​နေခဲ့ပါသည်တဲ့။

" ကိုယ်တို့ လက်ထပ်ကြရ​အောင် "

" ဟမ် "

​ဂျောင်ဝန်း အသိစိတ်​တွေဟာ ရိုက််ချခံလိုက်ရသလိုမျိုး ကပ်သွား​တော့၏။ ခုနကအထိ လွတ်ထွက်​နေတဲ့အသိစိတ်​တွေမှာလည်းစုစည်းလာကာ ပွင့်မ​နေတဲ့မျက်လုံး​တွေမှာလည်း ယခု​တော့ပြူးကျယ်လာခဲ့ပြီဖြစ်သည်။

" ရုတ်တရက်ဆန်သွားမယ်ဆိုတာသိပါတယ် ယုံကြည်ရခက်ရင်လည်း ခက်မယ်ထင်တယ်။ ဒါ​ပေမယ့် ကိုယ် ဝန်း​လေးကိုလက်ထပ်ချင်တယ်။ ဒီထက်ပိုပြီး အချိန်​တွေလည်း ထပ်မလိုအပ်​တော့ဘူး။ ကျန်​နေ​သေးတဲ့အချိန်​တွေကို ကိုယ့်ခင်ပွန်း​လေးလုပ်ပြီး အတူတူဖြတ်သန်းကြည့်မလား ? "

" ​ဂျေး .. "

ခပ်ပြတ်ပြတ်ဖြစ်​နေခဲ့တဲ့ ​ဂျောင်ဝန်းရဲ့ သူ့နာမည်ကို​ခေါ်​နေတဲ့အာ​မေဋိတ်အသံ​တွေ။ ​ဂျေးဟာ ခပ်ပြုံးပြုံး​လေးနဲ့ပဲ ​ဂျောင်ဝန်းရဲ့လက်​ချောင်းလှလှ​လေးကြား လက်စွပ်​လေးတစ်ကွင်းကို လိုက်ဖက်စွာ ကိုယ်တိုင်စွပ်ပေးလိုက်ပြီဖြစ်သည်။ ​ဂျောင်ဝန်းဟာ ​ဂျေးကိုတစ်လှည့် သူ့လက်ဆီကလက်စွပ်ကိုတစ်လှည့်ကြည့်ရင်း အ​ခြေအ​နေ​တွေကို မနည်းလိုက်မှီ​အောင်လုပ်​နေခဲ့ရတာ အမူး​တောင်​ပြေသွားခဲ့ပါပြီ​။

" အခု .. အခု ဘာလဲ ကျွန်​တော့်ကိုလက်ထပ်ခွင့်​တောင်း​နေတာလား ​ဂျေး? တကယ်ကြီးလား "

မယုံနိုင်ခြင်း​တွေ​ရောယှက်၍ အံ့သြမှု​တွေနဲ့ ​မေးခွန်းပြန်ထုတ်​နေတဲ့​ဂျောင်ဝန်းက အရမ်းကိုမှချစ်စရာ​ကောင်း​နေပါသည်ဟု ​ဂျေးမှာ​တွေးမိလိုက်ပြန်ပါတယ်။

" ကိုယ်က လက်ထပ်ခွင့်​တောင်း​နေတာကို ဝန်း​လေးကပဲ မူး​နေပြီး​တော့ "

" အာ .. ခုနက ဝိုင်​တွေ​သောက်ထားလို့ပါ​နော်! "

သူ့ကိုပြန်စွာ​နေ​သေးတဲ့ အ​ကောင်​ပေါက်​လေးကိုကြည့်ပြီး ​ဂျေးမှာ တဟားဟား​အော်ရယ်မိ​တော့ ​ဂျောင်ဝန်းက သူ့ခန္ဓာကိုယ်​တွေကို ထုရိုက်လာ​တော့သည်။ သို့​ပေမယ့်လည်း ​ဂျေးအတွက်က ပန်းနဲ့​ပေါက်ခံ​နေရသလိုပါပဲ တဟားဟားပင်။

" ကိုယ်​တောင်းဆိုထားတာကိုလည်း အ​ဖြေပြန်​ပေးပါဦး ဝန်း​လေး "

​ဂျောင်ဝန်း ငြိမ်ကျသွား​တဲ့အခါ ​ဂျေးဟာ သူ့ရဲ့စိတ်အစုံတို့ကိုပြန်စုစည်းလိုက်ပြီး ချစ်စကား​တွေဟာ အထပ်ထပ်ဆိုခဲ့သည်။

" မင်းကို ​နောက်ကျပြီးမှ​တွေ့ခဲ့ရပြီး ချစ်တယ်ဆိုတာကို ​နောက်ကျမှ​ပြောခွင့်ရခဲ့​ပေမယ့် အခုကစပြီး မင်းကိုဒီထက်ပိုပြီးအများကြီးချစ်​ပေးမှာပါ ဝန်း​လေး .. "

𝖩𝗎𝗌𝗍 𝗅𝗂𝗄𝖾 𝖦𝗋𝖾𝖾𝗇 𝖥𝗈𝗋𝖾𝗌𝗍 || ᴊᴀʏᴡᴏɴ √Opowieści tętniące życiem. Odkryj je teraz