1

131 15 5
                                    

တစ်ခုသောဆောင်းရာသီမနက်ခင်းဝယ် ကြီးမားသောချယ်ရီပင်အောက်တွင်တည်ဆောက်ထားသော ရိုးရှင်းတဲ့အိမ်ငယ်လေးတစ်လုံးရှိလေသည်၊၊ ထိုအိမ်သည် အခန်းသုံးခန်းမျှသာပါရှိပြီး ကိုယ်တိုင်ဒီဇိုင်းဆွဲတည်ဆောက်ထားကြောင်းအိပ်ခန်းဖွဲ့စည်းပုံနှင့်ပင်အလွယ်တကူသိနိုင်သည်၊၊ ထိုအိမ်ကလေး၏ပိုင်ရှင်မှာအသက်20ကျော်မျှသာရှိသေးသော ဟွမ့်ကျင့်ကျယ် ဟု အမည်ရသည့် ကောင်ငယ်လေးတစ်ဦးပင် ထိုကောင်လေးမှာ ပတ်ဝန်းကျင်နှင့်ပြောဆိုဆက်ဆံခြင်းလည်းမရှိ တစ်လတစ်ခါ အစားအသောက်ထွက်ဝယ်တာကလွဲပြီး အပြင်သို့မထ‌ွက် တည်ငြိမ်လ‌ွန်းလှသည့် သွက်သွက်လက်လက်လူငယ်လေးတစ်ဦးပင် သူ၏ပုံစံမှာ အသက်16နှင့်အရွယ်သမီးပျိုရှိသေ မိခင်လိုချင်သည့်ကလေးတစ်ယောက်၏ပုံစံပင် အသားအရည်မှာနေရောင်ထိတွေ့ခြင်းမရှိသည့်တိုင် နူညံချောမွတ်နေလေသည် မိန်းကလေးတိုင်းလိုချင်သည့်လှပသည့်အသားအရည်က အားကျလောက်စရာပင် မျက်နှာအချိုးအစားမှာလှပသည်ဟုဆိုနိုင်လောက်သည့်အနေအထားတွင် တည်ရှိနေသည်
ထိူသို့ပြီးပြည့်စုံသည့်ကောင်လေးမှာ ခေါင်းရှုပ်စရာ code တွေဖန်တီးရသည့်အလုပ်ရှိသည်ကတော့ဝမ်းနည်းစရာပင်
ထိုအနှီးကောင်လေး၏ပုံစံသည် ထိုအလုပ်ကသူ့အတွက်ပျော်မွေ့ဖွယ်တစ်ခုလို...

ဟွမ်ကျင့်ကျယ်၏နေ့စဉ်ဘဝကများများစားစားမရှိ နေ့ဘက်ဆိုနေဖင်ထိုးအောင်အိပ်လေ့ရှိပြီးညဆို မနက်မိုးလင်းသည်အထိအလုပ်လုပ်နေသည်မျိုးပင် သူ၏ဘဝတွင်ပျော်စရာဆိုလို့ အစားစားနေရခြင်းသာ ခေါင်းရင်းတွင်ပန်းအိုးလေးဖြင့်စိုက်ထားသော ရှားစောင်းပင်လေးကိုဂရုစိုက်ပေးတာကပုံမှန်အလုပ်တစ်ခုပင်
ယနေ့ကြောင်ဂေဟာကို သွားရန်ဆုံးဖြတ်ထားသည် သူဘဝမှာအလုပ်ချင်ဆုံးအရာကိုပြောရရင်ကြောင်မွေးရတာပင် ယခင်က မိဘတွေရှိစဉ်က ပါးပါးက ကြောင်နဲ့ဓာတ်မတည့်သောကြောင့် ဒယ်ဒီကမွေးခွင့်မပေးခဲ့ ပါးပါးနဲ့ဒယ်ဒီဆုံးပါးသွားတော့ ပါးပါးအမွေပေးခဲ့တဲ့အိမ်နဲ့ဒယ်ဒီပေးခဲ့တဲ့ပေးခဲ့တဲ့အမွေကသူ့မသေခင်အထိလုံလောက်တာထက်ပိုပါတယ်
သူ့အလုပ်ကလည်းဝင်ငွေကောင်းတာမလို့ပူစရာမလို  ဒါပေမဲ့သူ့ကိုချစ်ပေးမဲ့ကြောင်တစ်ကောင်တော့လိုအပ်တယ်လေ

XiaWhere stories live. Discover now