Extra 11

102 11 5
                                    

Unicode
................

မနက်စောစော ကားတစ်စီးသည် ခတ္တာတို့ ခြံရှေ့တွင် ရပ်လို့လာသည်။ စောလွန်း၍ လူနိုးချိန်မဟုတ်သေးသဖြင့် ထိုကားပေါ်မှ လူတစ်ယောက်ဆင်းလာသည်ကို မည်သူမျှမသိကြ။ အထုတ်များကို ကားပေါ်မှချကာ လူတစ်ယောက်ဆင်းလာလေသည်။

ထိုသူက အိမ်ကြီးကို ခေါင်းမော့ကြည့်ရင်း နှုတ်ခမ်းမှလည်း ပြုံးလိုက်သည်။ ထိုအခါ အိတ်ထဲမှ သော့ကိုထုတ်၍ ခြံတံခါးဖွင့်ကာ ဝင်လာခဲ့လိုက်သည်။

သူမသည် အိမ်ထဲသို့ တိတ်တဆိတ်ဝင်သွားပြီးနောက် မိမိအခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ ထို့‌နောက် မဝင်တာကြာပြီဖြစ်တဲ့ သူမအခန်းသို့ သော့ဖွင့်ကာ ဝင်ခဲ့လိုက်သည်။

"အရင်လို မပြောင်းလဲသွားဘူးပဲ။ ဦးရင်ရိပ်က သေချာထိန်းသိမ်းထားတာပဲ"

ဟုရေရွတ်ရင်း သူမစိတ်ထဲ ကျေနပ်သွားလေတော့သည်။

အင်ကြင်းစောစီးစွာ ပြန်ရောက်နေပြီး မနက်ကျ အိမ်ကလူတွေဖြစ်သွားမည့် မျက်နှာများကို မြင်ချင်သောကြောင့် အသိမပေးပဲ ပြန်လာခဲ့ခြင်းဖြစ်သည်။

သူမထွက်သွားခဲ့သည်မှာ လေးနှစ်... အင်း.. လေးနှစ်ကျော်ကျော်ပေါ့လေ။ သူမ တစ်ဖက်နိုင်ငံမှာ အထက်တန်းဆက်တက်ရင်းမှ ဉာဏ်ကောင်းလွန်းသော သူမသည် အတန်းပင်ကျော်တက်ကာ စီးပွားစီမံဘွဲ့ ရရှိခဲ့လေသည်။ ဒါတွေကို သူမဖခင်မပြောနဲ့ တခြားမည်သူ့ကိုမျှ မပြောပြခဲ့။

သူမကြိတ်ပြီး ကြိုးစားခဲ့သမျှ အရာထင်ခဲ့လေသလားမသိ။ အိမ်သို့ စောစီးစွာ ပြန်လာနိုင်ခဲ့သည်။ သစ္စာလည်း ခုဆိုရင် ပထမနှစ်စတက်ရောပေါ့လေ။

သူမရဲ့ မိသားစုပြဿနာကို အရင်ဦးဆုံး ဖြေရှင်းရမည် ဖြစ်တာကြောင့် သူမပြန်ရောက်နေခြင်းကို အသိပေးလို့တော့ မဖြစ်သေး။ သူမရှည်လျား‌ဖြောင်းစင်းပြီး ခါးလယ်လောက်ရှိနေတဲ့ ရွှေရောင်ဆံနွယ်လေးတွေကို အနောက်သို့ သပ်တင်လိုက်ရင်း ကုတင်ပေါ်သို့ တက်ထိုင်နေလိုက်သည်။ ပြီးနောက် တစ်ရေးလေးပြန်အိပ်ရန် တွေးလိုက်ရင်း အိပ်ယာပေါ်သို့ လှဲချလိုက်လေသည်။

Twins' Love Season 2 (Completed)Where stories live. Discover now