မွှေးအတန်းပြီးတော့ လုပ်စရာရှိတာတွေလုပ်ပြီး ပြန်ဖို့အပေါက်ဝနားအရောက်တွေ့လိုက်ရသည့် ဟိုကလေးမလေး။အော်...မွှေးလည်းသူမနားရောက်ရင် မပြုံးတဲ့အခါကိုမရှိ အခုလည်းပြုံးမိနေရာမှပြန်တည်လိုက်ရသည်။
"ကလေး စောင့်နေတာကြာပြီလား"
ဝသုန် မ ကိုစောင့်နေတုန်းပုခုံးစွန်းပေါ်ရောက်လာတဲ့နွေးထွေးလှသည့်လက်တစ်စုံနှင့်အတူ အသံချိုမြမြလေးကိုကြားလိုက်ရသည်။ဝသုန် ထိုလူဘယ်သူဆိုတာအတပ်သိသော်ငြား နောက်သို့လှည့်ကြည့်ကာပြုံးပြလိုက်တော့ ဝသုန့်အပိုင်ဆံနွယ်များကိုစိတ်ကြိုက် ဆော့ကစားလာတဲ့နူးညံ့လှသည့်လက်ကလေးတွေ။ဝသုန်လည်းခွေးပေါက်လေးတစ်ကောင်ကဲ့သို့ ကျေနပ်စွာခံယူနေလေသည်။
"မကြာသေးပါဘူးဆရာမ"
"သွားရအောင်နော် ကလေး"
"ဟုတ်"
လမ်းလျှောက်နေကြရင်းဝသုန်မှ မ ၏မျက်နှာလှလှလေးအားကြည့်၍
"ဆရာမ အဝတ်မလဲတော့ဘူးလား"
ဝသုန်အမေးကြောင့်ဝသုန်ကိုကြည့်လာတော့အကြည့်ချင်းစုံသွားရာ ဝသုန်မျက်နှာပင်ပူနွေးလာရသည်။
"တို့အဝတ်က ကလေးအိမ်မှာလေကွယ်"
မွှေးထိုသို့ပြောလေဝော့ထိုကလေးမလေးမျက်နှာမှာ အံ့ဩမှုအတိုင်းသား။အင်းပေါ့.....မွှေးသွားထားထားတုန်းက သူမှမရှိပါဘဲ။
"ဟင်....ဟုတ်လို့လား ဝသုန်လည်းမတွေ့ပါလား"
"တို့လာတုန်းက ဘယ်ကောင်မလေးလည်းမသိပါဘူး အပြင်လျှောက်သွားနေတာ"
"အာ...ဆရာမကလည်း"
ဝသုန် မရဲ့ရွတ်နောက်နောက်စကားကြောင့်ရှက်သွားရကာ လည်ပင်းကိုပွတ်သပ်နေမိသည်။
"အဟင်း....သွားရအောင်ကွယ်ကလေး"
မ ကတစ်ဖက်မှပြောနေရင်းတစ်ဖက်မှဝသုန့်လက်ကို သူမလက်ဖြူဥဥလေးဖြင့်လာရောက်ကိုင်တွယ်လေသည်။ဝသုန်လည်းအခုန်မြန်နေသောသူမရင်ဘတ်ထဲမှအသံကို မ ကြားသွားမည်စိုး၍သက်ပြင်းအသာချကာ ထိန်းလိုက်ပြီးစိတ်ကစားတာဟူ၍ရွတ်နေမိသည်။
YOU ARE READING
Impossible love 💗(Completed)
Romanceမကြိုးစားကြည့်ပဲမဖြစ်နိုင်တာမရှိဘူး မဖြစ်ချင်တာပဲရှိတယ် #နာမည်တူပါသွားရင်ခွင့်လွှတ်ပေးကြပါနော် ဒုတိယမြောက်ဖန်တီးထားတဲ့ficလေးပါ။တစ်ခုခုအမှားပါသွားခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်ပါသည်။