ပြတင်းပေါက်မှတစ်ဆင့်မြင်တွေ့နေရသော ရှုခင်းများ အိမ်များ သစ်ပင်များဟာ ယခင်နေ့များတွင်လှပသလောက် ယခုတွင်တော့အရာရာတိုင်းက လွမ်းဆွတ်နေသဖွယ်။အချိန်ပေါင်းနာရီများစွာကြာမြင့်အောင်ကားစီးပြီးချိန်တွင်တော့ နောက်ဆုံးရောက်ရှိလာလေသည်။
"ဒီမှာတာဝန်ကျတဲ့ဆရာမလေးလားရှင့်"
ဝသုန်ကားပေါ်မှဆင်းဆင်းချင်း ရောက်လာတဲ့ကောင်မလေးတစ်ယောက်။သူမထက်တော့နည်းနည်းငယ်မည့်ပုံပင် ထိုကောင်မလေးပုံစံကနယ်ဘက်ကဆိုပေမဲ့ ချစ်စရာကောင်းသည့်ထဲတွင်ပါသည်။
"အွန်း ဟုတ်ပါတယ် ဒီကညီမက"
"ဖူးနန္ဒာပါရှင့် ဆရာမလေး ဆရာမလေးကိုလာကြိုခိုင်းလိုက်လို့ပါ"
"ဒါနဲ့ညီမအသက်ကဘယ်လောက်လဲ အမနဲ့သိပ်မကွာလောက်ဘူးထင်တယ်"
"၁၆နှစ်ပါဆရာမလေး"
"၆နှစ်ပဲကွာတာဆိုတော့ ဆရာမလေးလို့မခေါ်ပါနဲ့ အမနာမည်ကနှင်းဦးဝသုန်ပါ ရင်းရင်းနှီးနှီးပဲခေါ်ပါ"
ထိုသို့ပြောတော့ပြုံးပြလာသည့်ကောင်မလေး သူမမျက်ဝန်းထဲတွင်အရောင်တချို့ပါရှိနေသည်ကိုတော့ ဝသုန်တွေ့လိမ့်မည်မဟုတ်။ဝသုန်တို့လမ်းလျှောက်လာခဲ့ရာတစ်နေရာအရောက်တွင် ထိုကောင်မလေးရပ်တန့်သွားသဖြင့်ရပ်လိုက်လေတော့ တွေ့လိုက်ရသည့်ကျောင်းငယ်လေးတစ်ကျောင်း။ထိုကျောင်းထဲကိုဝင်လိုက်သည်နှင့် ရွာရဲ့အနံ့အသက်လေးကိုခံစားရသကဲ့သို့ပင်.......ကစားနေကြသည့်ကလေးတစ်ချို့နှင့်ဆရာမလေးတွေတွေ့လိုက်ရသည်။သွားရင်းဖြင့် ကျောင်းအုပ်ကြီးထင်ရသူအရှေ့သို့ ရောက်သွားလေသည်။
"ဆရာမလေး နှင်းဦးဝသုန်ဟုတ်ပါတယ်နော်"
"ဟုတ်ပါတယ်ရှင့်ဆရာမကြီး"
"ဆရာမလေးက နန္ဒာတို့အိမ်မှာနေလို့အဆင်ပြေပါ့မလား"
"ဟုတ်ပြေပါတယ်ဆရာမကြီး ဝသုန်လို့ပဲခေါ်လို့ရပါတယ်"
"ဟုတ်ပြီဝသုန် ဝသုန်ကဘယ်အတန်းကိုသင်ချင်သလဲ"
"အငယ်တန်းပဲသင်လိုက်ပါ့မယ် ဟိုအတိအကျအနေနဲ့ဆိုရင် ဒုတိယတန်းကိုသင်ချင်ပါတယ်ဆရာမကြီး"
YOU ARE READING
Impossible love 💗(Completed)
Romanceမကြိုးစားကြည့်ပဲမဖြစ်နိုင်တာမရှိဘူး မဖြစ်ချင်တာပဲရှိတယ် #နာမည်တူပါသွားရင်ခွင့်လွှတ်ပေးကြပါနော် ဒုတိယမြောက်ဖန်တီးထားတဲ့ficလေးပါ။တစ်ခုခုအမှားပါသွားခဲ့လျှင် စာရေးသူ၏အမှားသာဖြစ်ပါသည်။