[ 12 ]

107 20 25
                                    

[ Uni ]

[ အစ်ကို!! ဘာလို့ မိန်းမတစ်ယောက်အတွက်နဲ့ အစ်ကို့ရဲ့ အိပ်မက်တွေကို အဆုံးရှုံးခံရတာလဲ။ ဟမ်! အစ်ကိုအများကြီး ကြိုးစားခဲ့ရတာမလား။ ကျွန်တော် .. ကျွန်တော်လည်း အများကြီး အားပေးခဲ့ရတာလေ!! ]

တီဗွီ ဖန်သားပြင်ပေါ်က ပုံရိပ်လေးက မျက်ရည်တွေနဲ့ အော်ဟစ်နေတော့ ဘတ်ခ်ဟျွန်းလက်တွေ တုန်ယင်လာသည်။ ဒီကလေး သရုပ်ဆောင် တိုးတက်လာတာပဲ။

ချန်းယောလ်နဲ့ တွဲသရုပ်ဆောင်ထားတဲ့ Movie က အတော်လေးကို ပေါက်မြှောက်ခဲ့သည်။ ရုပ်ရှင် ဆုပေး‌ပွဲမှာပါ ဆန်ကာတင်စားရင်း ဝင်ခဲ့သည်။ ဇာတ်လမ်းတွဲနဲ့ ကြော်ငြာတွေပဲ များများရိုက်ဖြစ်တဲ့ ဂယောင်ဆူးက ဒီ Movie နဲ့ ရုပ်ရှင်ဆုပေးပွဲမှာ Best Male Rookie Actor Award ကို ဆန်ကာတင် စာရင်းဖြင့် ပါထားသည်။

ချန်းယောလ်ကို ဖက်တွယ်ပြီး နှစ်သိမ့်နေတဲ့ ဇာတ်ဝင်ခန်းက မျက်လုံးထဲ အပြည့်ဝင်လာတော့ မျက်နှာလွှဲပစ်မိသည်။

ဂယောင်ဆူးက အနွေးထွေးဆုံး လူသားလေးလေ။ သူနဲ့ တွဲတုန်းက သူ့အပေါ်ဆိုးတယ်လို့ ထင်ရပေမဲ့ အတူတူရှိလာတဲ့ တစ်လျှောက်လုံး ဂယောင်ဆူးကပဲ နှစ်သိမ့်ပေးခဲ့တာ။ ဂယောင်ဆူးကပဲ 'အဆင်ပြေသွားမှာပါ အချစ်က တော်တာမို့လို့ ပြဿနာတွေအကုန် ရင်ဆိုင်နိုင်မှာ' ဆိုပြီး အားပေးခဲ့တာ။ ပုံမှန် တစ်ယောက်တည်း ချုပ်တီးထားရတဲ့ ခံစားချက်တွေကို ထိုကလေးရှေ့မှ စိတ်သက်တောင့်သက်သာနဲ့ ချပြခွင့်ရပြီး သူ့စိတ်တွေ အပန်းဖြေနိုင်ခဲ့တာ။

အဲဒီနေ့ ...

" ဘတ်ခ်ဟျွန်း-ရှီ အန်တီ ပြောစရာရှိလို့။ "

အဲ့ဒီနေ့က ပြန်မယ်လုပ်နေတဲ့ ဂယောင်ဆူးအမေကို ဘတ်ခ်ဟျွန်းက မြို့ထဲခဏ လိုက်ပို့ရင်း စကားပြောဖြစ်ကြတယ်။

" ဘတ်ခ်ဟျွန်းနဲ့ အန်တီ့သားလေး တွဲနေကြတာမလား။ ''

ထိုမေးခွန်းကြောင့် ကားစီယာတိုင်ပေါ်က ဘတ်ခ်ဟျွန်းလက်တွေ အနည်းငယ်တင်းကျပ်သွားသည်။ စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး

" ဟို .. အဲဒါက "

" အန်တီ့ကို အန်တီ့သား ‌ပြောပြထားလို့ သိပြီးပြီ။ "

𝐑𝐞𝐰𝐫𝐢𝐭𝐞 𝐓𝐡𝐞 𝐒𝐭𝐚𝐫?Where stories live. Discover now