Part 20

4.7K 256 4
                                    

U+Z

နောက်နေ့မနက်မှာတော့ မနက်စာစားပွဲမှာ ဘယ်သူမှရှိမနေ။ ဒီနေ့ မီးဖိုချောင်ထဲ တစ်ချက်တော့ ဝင်ကြည့်ခဲ့သေးသည်။ မေမေ ဘာမှလုပ်ထားတာမတွေ့သလို အပြင်မှာလဲမရှိ။ ဖေဖေ့ကားရှိနေတာကြောင့် ဖေဖေ အပြင်မသွားဘူးဆိုတာသိလိုက်ရသည်။ သူ မေမေနဲ့စကားပြောချင်ပါတယ်။ ချက်ချင်းကြီးလက်ခံနိုင်ဖို့က ခဲယင်းတာကို ဒီနေ့ နားလည်သည်။ အရင်ထဲက သူက gay ဆိုတာကို ဖွင့်ပြောထားသင့်တာ။ အခုက gay ဖြစ်နေတာရော ချစ်ရသူရှိနေတာကလည်း ယောက်ျားလေးဖြစ်နေတာရော ဖြစ်ရပ်နှစ်ခုလုံးက တပြိုင်ထဲပေါ်သွားတာကြောင့် မေမေ အချိန်ယူမှဖြစ်အုန်းမှာ။

ဒေါက်ဒေါက်!

အခန်းတံခါးလာခေါက်တာကြောင့် ဒေါ်မေနွယ် toilet ထဲပဲဝင်လိုက်ရမလားဖြစ်သွားသည်။ သားနဲ့ သူ(မ) မျက်နှာချင်းမဆိုင်နိုင်သေးဘူး။ သူ(မ) တစ်ညလုံးလဲ အတွေးအများကြီးနဲ့ အိပ်မရခဲ့ဘူး။

"တံခါးခေါက်နေတာလားလို့"

"အစ်ကို..."

တံခါးသွားဖွင့်ဖို့လုပ်နေတဲ့ အစ်ကို။

"မေမေ ကျွန်တော် အလုပ်သွားပြီနော်"

အပြင်က အသံသဲ့သဲ့ကို သူ(မ)တို့ မိဘနှစ်ပါးလုံးသေသေချာချာကြားရသည်။ ခဏကြာတော့ ကားစက်နှိုးသံကြားရပြီး သားထွက်သွားမှ သူ(မ)တို့ လင်မယား အပြင်ထွက်ခဲ့လိုက်ကြ၏။ ဖြစ်နိုင်ရင် သူ(မ) အခန်းထဲပဲအောင်းနေချင်တော့သည်။ တစ်ညလုံးစဉ်းစားပေမယ့် သူ(မ) လက်ခံလို့မရသေးဘူးဖြစ်နေ၏။

"ဒီယောက်ျားက ချက်ကျွေးမယ်ဆိုတော့ အေးဆေးနားလိုက်အုန်းနော် မိန်းမ"

ဦးမင်းလွင် ရုံးမတက်ဖြစ်တာကို အတွင်းရေးမှူးလေးကို စာပို့ထားလိုက်သည်။ အမျိုးသမီးရဲ့စိတ်က ပုံမှန်ပြန်မဖြစ်သေးတော့ သူဘယ်လိုလုပ်တစ်ယောက်ထဲ ထားခဲ့ရက်နိုင်ပါ့မလဲ။ အဖေဖြစ်တဲ့သူကိုယ်တိုင်တောင် ဒီကိစ္စကိုလက်ခံဖို့ ခဲယဉ်းတယ်မဟုတ်လား။ သူတို့မှာ ရှိတာဆိုလို့ ဒီသားတစ်ယောက်ပဲရှိတာမဟုတ်လား။

"မိန်းမ ဒါဘယ်လိုလုပ်ရမှာလဲ အစ်ကို့ကိုပြောပြပါအုန်း"

ချက်ကျွေးမယ်သာပြောတာ နောက်ဆုံးတော့ သူ(မ)ပဲဝင်ချက်လိုက်ရတာဖြစ်သည်။ ဦးမင်းလွင်ကတော့ အတွေးထဲကခဏရုန်းထွက်နိုင်အောင် လုပ်ပေးလိုက်နိုင်တာကိုပဲ ကျေနပ်နေမိသည်။ ချက်တာက ချက်တတ်တာပေါ့။ ဒါပေမယ့် ဟိုမေးဒီမေးနဲ့ မိန်းမဖြစ်သူရဲ့စိတ်ကို သားကိစ္စမတွေးနိုင်အောင် မချက်တတ်ချင်ယောင်ဆောင်ပြီး တစ်ခုပြီးတစ်ခုမေးရသည်။ စိတ်မရှည်တော့တဲ့အချိန်ရောက်တော့ ဘာမှမတွေးနိုင်တော့ပဲ မီးဖိုချောင်ဝင်လာတော့တယ်မဟုတ်လား။

D-Day [Complete]Where stories live. Discover now