အမူးသမားလေး ရစ်ခီ

574 93 15
                                    

ဂယူဘင်းက သဘောကောင်းတဲ့ကောင်လေးတစ်ယောက်။ မျက်နှာလေးချိုတဲ့အပြင် အပြုံးလေးကပါချိုတော့ တစ်ရပ်ကွက်လုံး၊တစ်ကျောင်းလုံးက ဝိုင်းအုံချစ်လေး။

ဂယူဘင်းက အကောင်းမြင်စိတ်ရှိတဲ့သူဆိုပေမယ့် ဒီနှစ်အတန်းစကတည်းက ကြည့်မရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။

ကြည့်မရတဲ့အချက်တွေပြောရရင်အများကြီးကိုရှိနေတာပါ။ အတွေးထဲ အချိန်တိုင်းရောက်ရောက်လာတာမို့ လုံးဝကိုကြည့်မရတာပါ။

ပထမဆုံး သူရဲ့ စတော်ဘယ်ရီဆံပင်အနီရောင်။

ကျောင်းတွေမှာဆံပင်အရောင်ဆိုးတာကြီးက မြင်ရတာတစ်မျိုးမလား။ ကျန်တဲ့လူတွေတော့မသိဘူး။ ဂယူဘင်းကတော့ အဲ့တစ်ယောက်ကို ကြည့်မရတဲ့ ပထမဆုံးတစ်ချက်က သူ့ရဲ့ဆံပင်နီကြောင့်ပဲ။

"ဟျောင့်!ဂယူဘင်းနား..အတန်းထဲမဝင်ဘဲ ဘာရပ်ကြည့်နေတာလဲ?!"

ဂွန်းနုက ဂယူဘင်း ပခုံးကိုလာဖက်တဲ့အချိန်မှ ဂယူဘင်းရဲ့ ဘတ်စကတ်ဘောကွင်းထဲရောက်နေတဲ့ စိတ်က ကိုယ်နဲ့ပြန်ကပ်သည်။

ဂယူဘင်းနဲ့အတူ ဘတ်စကတ်ဘောကွင်းထဲကို လိုက်ကြည့်ရင်းနဲ့ ပြောသည်။

"ရစ်ခီက ဆံပင်နီနဲ့ တအားလိုက်တယ်နော်"

ဂယူဘင်းအကြည့်တစ်ချက်က ရစ်ခီဆီပြန်ရောက်သွားသည်။

နေရောင်အောက်မှာ ဖြူအုနုဖက်နေတဲ့အသားအရောင်လေးနဲ့။ နေရောင်ကြောင့် မျက်တောင်လေးတွေတဖြတ်ဖြတ်ခတ်ရင်းက မျက်လုံးလေးတစ်ဖက်မှိတ်သွားပြီးမှ လက်ဖမိုးနှင့် မျက်နှာမှ ချွေးစက်အချို့ကိုသုတ်နေတဲ့ ရစ်ခီ။ ကြောင်လေးတွေ မျက်လုံးတွေကိုပွတ်သပ်တဲ့အချိန်လိုမျိုး။

ဂွန်းနုစကားကို ထောက်ခံသည့်သဘောဖြင့် ဂယူဘင်း ခေါင်းတော့ညိမ့်လိုက်ပါသည်။

ကြည့်ကောင်းတာကဟုတ်ပါတယ်။ဘာလို့နေရောင်အောက်ထွက်ရပ်နေတာလဲမသိဘူး။သူ့ကိုယ်သူ ရုပ်ရှင်ရိုက်နေတယ်မှတ်နေတာထင်တယ်!!

You've reached the end of published parts.

⏰ Last updated: Apr 30 ⏰

Add this story to your Library to get notified about new parts!

my bf is a boo,baboo(바보)Where stories live. Discover now