Chapter One

460 86 34
                                    


Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.


အချစ်ဦး....အချစ်ဦးဆိုတာ ဟီဆွန်းအတွက်ဘယ်လိုဖြစ်တည်မှုမျိုးလဲ..?

သူ့ဘဝကို စာအုပ်တစ်အုပ်အဖြစ်သာသက်မှတ်ခဲ့မယ်ဆိုရင် ၎င်းအချစ်ဦးဆိုတာက စာရွက်တစ်ရွက်စာတောင်မရှိလောက်တဲ့ စာပုဒ်တစ်ပုဒ်သာသာဖြစ်ပေလိမ့်မည်။

စွဲစွဲလမ်းလမ်းမဟုတ်သော်ငြား သူ့ငယ်ဘဝ၏ရင်ခုန်စရာဘဝ အစိတ်အပိုင်းတစ်ခုအဖြစ်လက်ခံရပေလိမ့်မည်။

ဒမ်ရာမာမဆန်တဲ့ သူ့၏အချစ်ဦးဇာတ်လမ်းဟာ မစခင်မှာပဲ အဆုံးသတ်ခဲ့ရသည်ဆိုပါတော့...

༘˚⋆𐙚。⋆𖦹.✧˚

"ဟီဆွန်းရေ ငါမိန်းကလေးဘက်ကစာအုပ်တွေအကုန်ကောက်ပြီးပြီနော် နင်ပဲဆရာမဆီပို့ပေးပါဦး"

အက်ဆေးတစ်ပုဒ်ကိုရေးနေသည့် ဟီဆွန်း၏လက်များသည် တွန့်ခနဲ....
ပြတင်းပေါက်မှတဆင့် ဝင်ရောက်လာသော လေပူများသည် သူ(မ)အား ဖြတ်၍ သူ့၏မျက်နှာအား လာရောက်ထိတွေ့သောကြောင့် နှင်းဆီပန်းနံ့ဖျော့ဖျော့က နှာဝတွင် လာရောက်ကျီစယ်သည်။

"အင်း ‌ထားခဲ့‌လေ ယောက်ျားလေးဘက်ကအကုန်မထပ်ကြသေးလို့ စုံရင်သွားပို့လိုက်မယ်"

ရေးလက်စဖောင်တိန်ကို ချရင်း မော့ကြည့်လိုက်တော့ စာအုပ်တစ်ထပ်ကိုရင်တွင်ပိုက်ရင်း ရပ်နေသောသူ(မ)...
နှာခေါင်းဆီသို့လျှောကျနေသော မျက်မှန်ကိုပင့်တင်လိုက်သည်အခိုက်အတန့်သည် အနှေးပြကွက်ကဲ့သို သူ၏မျက်လုံးထဲတွင် တစ်ကွက်ခြင်းပေါ်လာလေသည်။

"ဟုတ်ပြီ ဟုတ်ပြီ"

ဟီဆွန်းရှေ့ရှိစားပွဲပေါ်သို့ စာအုပ်တင်လိုက်သောအခါ ကျောကိုကျော်၍ ခါးအထိရှည်သော သူ(မ)၏ဆံပင်များက ဟီဆွန်း၏ လက်ချောင်းအချို့နှင့်ထိတွေမိသည်။

𝘿𝙚𝙨𝙩𝙞𝙣𝙮'𝙨 𝙒𝙞𝙡𝙡Tempat cerita menjadi hidup. Temukan sekarang