အပိုင်း(၃၁) ~ အဆုံးသတ်မဟုတ်သေးသော ပြီးဆုံးခြင်း

125 20 2
                                    

"ခများက ဖေဖေ့ကိုသတ်ခဲ့တဲ့ တရားခံပေါ့"


မီးပုံထဲရှိ သစ်ရွက်ခြောက်တွေကိုထိုးစွနေတဲ့ မစ္စတာဆောင်းမှာ လည်ပြန်ကြည့်လာကာ ခြောက်ကပ်ကပ်ရယ်မြူးလိုက်သည်က အေးစိမ့်နေတဲ့ပတ်ဝန်းကျင်နှင့်အပြိုင် ချမ်းစိမ့်၍လာစေသည်။


"ငါတစ်ယောက်တည်း မဟုတ်ဘူးနော်။ မင်းအမေပါ ပါတယ်"


"စောက်ရူးစကားတွေပြောမနေနဲ့။ မေမေက အဲ့လိုလုပ်မယ့်လူစားမျိုးမဟုတ်ဘူး"


နောက်ပြန်တုပ်ထားတဲ့ကြိုးကို ဒေါသထွက်စွာ ခါရမ်းနေတော့ မစ္စတာဆောင်းမှာ ခပ်ထေ့ထေ့ပြုံးလာပြန်သည်။


"ဒီလောက်လှုပ်မရဖြစ်ပြီး မျက်ခွက်တစ်ခုလုံးစုပ်ပြတ်သတ်တော့မယ့်အရေးတောင် စောက်ကြောတင်းနေနိုင်သေးတယ်နော်။ ဘယ်သူ့သားမလို့လဲ ဟက်"


"ကျွန်တော့်ဘာသာ ဘယ်သူ့သားသားဖြစ်ဖြစ် ခများစောက်ပူမပါဘူး။ ‌ကျွန်တော်မေးတာကိုပဲဖြေ ဖေဖေ့ကို ဘာလို့သတ်လိုက်တာလဲဆိုတာ"


"ဟက် ဘာလို့အဲ့လောက်သိချင်နေရတာလဲ။ ကောင်းပြီလေ! ငါလည်း ငါရစရာရှိတာရပြီး ဒီနေရာကအပြီးတိုင်ထွက်သွားတော့မယ်ဆိုတော့ ပြောပြပေးရတာပေါ့"


ယူဂျင်းမှာ အဖြစ်မှန်တွေကို မစောင့်စားနိုင်တော့သည့် စိတ်လောနေသည့်ဟန်!


"ဒီမှာကောင်လေး မင်းမေမေဟာလေ တကယ့်ကိုအရူး။ အမှန်ကိုပြောတာ မင်းဒေါသထွက်မနေနဲ့"


ဆွဲထိုးမိတော့မည့် အကြည့်စူးစူးတွေနဲ့ ယူဂျင်းကို လှည့်ကာ သတိပေးလာသည်။


"ရည်းစားသက်တမ်းအကြာကြီးရှိခဲ့တာတောင် ငါဘယ်လိုကောင်လဲဆိုတာ မသိလောက်အောင် အချစ်ရူးရူးနေခဲ့လိုက်တာများ နှစ်တွေအကြာကြီးထွက်သွားပြီး မိန်းမနဲ့သားတစ်ယောက်ရှိနေတယ်ဆိုတာတောင် ငါ့ကိုပြန်လက်ခံတယ်တဲ့လေ။  ဒါပေမယ့် သူ့အမှားချည်းပဲလို့လည်း ဆိုလို့မရပါဘူးလေ။ ငါကိုယ်တိုင်က အပြောလေးကောင်းသလို ရုပ်လေးကလည်း ပြစ်ရက်စရာရှိမနေတာကို ဟဲဟဲ"


Nothing's Gonna Stop Us Now Where stories live. Discover now