ချစ်သူ့ဒေါက်တာEp2

9 2 0
                                    

"ကိုကိုရေ ပေါက်‌‌ေပါက်လာတယ် ဗျို့"
ဆိုင်ထဲကို အသံလေးအရင်ပေးပြီးမှ ဝင်လာတတ်တာကလဲ ဒီကလေးလေးရဲ့အကျင့်ကောင်းလေးတွေထဲက တစ်ခုပေါ့
"အယ် သားလေး လာလာ သားကိုကိုက ကျူရှင်သွားတယ် ပြန်မရောက်သေးဘူး ခဏလေးထိုင်စောင့်အုံးနော်  ဘာစားမလဲကလေး"
"စားတော့ဘူး မေမေ မားမားက ကိုကိုနဲ့ တူတူစားဖို့ မုန့်‌ေ‌တထည့်ပေးလိုက်တယ်"
"ကြက်ဥပူတင်းမှ ဟုတ်ရဲ့လား ကလေး"
အမြဲတမ်းလိုလို ကြက်ဥပူတင်းသာ စားတတ်တာမို့ တမင်စနောက်မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ် ဗျ"
"မေမေရေ သားပြန်လာပြီ"
"အယ် ကိုကိုလာပြီ"
"သားလေး ‌ဖြည်းဖြည်းသွား ဖြည်းဖြည်းသွား ချော်လဲမယ်"
သားငယ်လေး အသံဆို အဝေးကနေလဲ သူကြားတယ်။အသံကြားတာနဲ့ ထိုင်ခုံပေါ်က ခုန်ဆင်းပြီး လုံးလုံး လုံးလုံးနဲ့ ပြေးသွားတတ်တဲ့ကလေးလေး ကို  တားမရမှန်းသိ‌ေပမယ့် မပြေးဖို့လှမ်းတားမိသေးတယ်။
"ကိုကို မောလာလား ရေသောက်အုံး ရော့"
ကျူရှင်ကပြန်လာတဲ့ သူ့ကိုကိုတွက် ရေကိုသူသောက်နေကြဗူးလေးနဲ့တိုက်မယ်။ပြီးရင် သူ့ပါးဖောင်းဖောင်းကြီးတွေကို သူ့ကိုကိုဆီ အတင်းထိုးပေးပြီးနမ်းခိုင်းမယ်။ တီတီတာတာတွေပြောပြီးချွဲမယ်။ဒါတွေဟာ ဒီကလေးနှစ်ယောက်ကြားက စတွေ့ချိန်မှ ခုချိန်ထိ နေ့စဉ်မြင်နေကြမြင်ကွင်းလေးတွေပေါ့။
"ကိုကို့ ပေါက်ပေါက်လေး ရောက်နေတာကြာပြီလားကွ"
"မကြာသေးပါဘူး ပေါက်ပေါက်ကို နမ်းရတာ အမောပြေရဲ့လား"
"အရမ်းပြေ"
"ဟီးဟီး"
"ဟဲ့ ဟိုကလေးနှစ်ယောက် ဆိုင်အဝမှာ ဘာလုပ်နေကြတာလဲ လာအထဲဝင်ခဲ့ ဘွားဘွား သခွားမွှေးသီးဖျော်ရည်လုပ်လာတယ် လာသောက်ချေ"
"ဟုတ် ဘွားဘွား" "ဟုတ် ဘွားဘွား"
"မြေးငယ်လေး စာလိုက်နိုင်ရဲ့လား"
"ဟုတ် လိုက်နိုင်ပါတယ် ဘွားဘွား"
"အေးအေး ပေါက်ပေါက်လေးကရော စာတွေလိုက်နိုင်ရဲ့လား စာတွေလုပ်ရတာ များလို့ပင်ပန်းနေပြီလား ဟင်မြေးလေး"
"ပင်ပန်းပါဘူး ဘွားဘွားရဲ့ သားသားက ကိုကိုနဲ့စာအတူလုပ်ရရင်ကို ပျော်နေတာ"
"မြေးငယ်လေးကရော မနက်ကျောင်းသွား နေ့လယ်ကျူရှင်သွားရ ညနေ ညီလေးကို စာပြပေးရနဲ့ မပင်ပန်းဘူးလား"
"မပင်ပါဘူး ဘွားဘွားရဲ့ ပေါက်ပေါက်ကို စာသင်ပေးတာဟုတ်ပါဘူး အိမ်စာတူတူလုပ်ကြတာပါ ဟုတ်တယ်‌ေနာ်ပေါက်ပေါက်"
"ဟုတ်ပါတယ် ဗျ"
"အင်းပါ အင်းပါ ရှင်ဘုရင်လေးတို့အစဉ်ပြေတယ်ဆို ပြီးတာပါပဲတော်"
ဝလုံးလေးတွေသင်ပေးခဲ့တဲ့ နွေရာသီကျောင်းပိတ်ရက်တွေကစလို့ ခုကျောင်းတွေပြန်ဖွင့်တဲ့ထိ ကိုကိုနဲ့မှ စာအတူမလုပ်ရရင် မူကြိုလဲ မတက်ဘူးဆိုပြီးဂျစ်တိုက်နေတာကြောင့် ညနေတိုင်း  သားငယ်လေး စာအတူတူ လုပ်ခွင့်ပေးပါလို့ မမာလာတို့ လင်မယားကိုယ်တိုင် လာခွင့်တောင်းပေးရတဲ့ထိ ပေါက်ပေါက်ဆိုတဲ့ကလေးလေးက ဆိုးပါတယ်။ ပေါက်ပေါက်လေးက အခြားသူတွေနဲ့ဆို သူ့ကိုယ်သူ လူကြီးလေးလို နေထိုင်ပြီး သားငယ်လေးကိုဆို အရမ်းချွဲတာ။သားငယ်လေးကလဲ ဘာထူးလဲ တစ်အိမ်လုံးကိုသာ ပတ်ချွဲမယ် သူ့ပေါက်ပေါက်ကိုဆိုရင်တော့ သူကပဲ အလိုလိုက်ပေးချင်နေတာ။ လိုက်လဲလိုက်တဲ့ ကလေးနှစ်ယောက်။
.......
"မစားဘူးးးး သိရဲ့သားနဲ့ မပြောတဲ့ မေမေ့ကိုလဲ မခေါ်ဘူး ကိုကို့ကိုပဲခေါ်ပေး"
"ပေါက်ပေါက် ဆိုးစရာမဟုတ်တာ မဆိုးစမ်းနဲ့
"မားမား မင်းတို့သားမိက ဘာဖြစ်နေတာလဲ"
"ဟင် ပါးပါးပြန်လာပြီလား ဒီမှာလေ သူ့ကိုကို ခရီးသွားတာ သူ့ကိုကြိုမပြောလို့တဲ့လေ  ဂျစ်တိုက်နေတာ ဟိုကလိုက်ခဲ့ဆိုတော့  မလိုက်သွားဘူး "
"မားမား ပြောတာ ဟုတ်လား ပေါက်ပေါက်"
"ဂျစ်တာမှ မဟုတ်တာ အကြာကြီးသွားမှာကို ကြိုမပြောကြဘူးးး အီးးး အီးး"
"ပေါက်ပေါက် နင်မထွက်တဲ့ မျက်ရည်ကို ညှစ်ထုတ်မနေနဲ့"
"မထွက်လို့ညှစ်ရတာ‌လေ ပေါက်ပေါက်ကို ညာထားကြတယ် ကိုကိုလဲညာတယ် မားမားလဲညာတယ် ပြောတော့ နွေပိတ်ရက်မှာ ကိုကိုနဲ့ ဂိမ်းအတူတူ‌ေဆာ့ရမယ်ဆိုပြီးတော့"
"ပေါက်ပေါက် ကျောင်းကသုံးလတောင်ပိတ်မှာကို ခရီးလေးတစ်ပတ်သွားတာ ဘာဖြစ်နေတာလဲ လိုက်သွားဆိုတော့လဲ မလိုက်သွားဘူး "
"အဲ့ဒါ  ပါးပါးက အိမ်မှာပေါက်ပေါက်မရှိရင်ပျင်းတယ်ဆိုလို့လေ"
"ဟေ ပါးပါးဘက်ပါလှည့်လာပြီလားကွ"
"အပိုတွေက ဟိုမှာက air-conရော Gameစက်ရော  မရှိလို့ မလိုက်သွားတာမလား ပြောလိုက်ရင် စကားကြီး စကားကျယ် နင်မလိုက်သွားတာပဲကောင်းပါတယ် နင်ပါရင် မသူဇာတို့ အလှူမှာ ကောင်းကောင်းဝိုင်းလုပ်‌ေပးရမှာ မဟုတ်ဘူး သူ့အီးပါသေးပေါက်အကုန်လုပ်ပေးနေရမှာ"
"မလုပ်ပေးရပါဘူး သားက ကိုယ့်ဘာကိုယ် အကုန်လုပ်တတ်နေပြီ"
"ဟုတ်မှာပေါ့ ဟုတ်မှာပေါ့ သူ့ကိုကိုရှေ့ကြရင်တော့ အကုန်လုပ်တတ် အိမ်မှာတော့ ရေသောက်ချင်ရင်တောင် မားမား မားမားနဲ့ နောက်ပြီး  ပါးပါးသားကလေ ဟိုတစ်နေ့ကလေ ပါးပါး ခရီးထွက်ရတဲ့နေ့က မားမားကို အိမ်မှာတစ်ယောက်တည်းထားခဲ့ပြီး သားငယ်လေးတို့အိမ်မှာဘာလုပ်နေတယ်ထင်တယ်"
"ပြောစမ်းပါအုံး ပါးပါးသား အတတ်ကလေးအကြောင်း"
"ညနေဘက် သားငယ်‌‌ေလးအိမ်မှာ အိမ်စာသွားလုပ်မယ်ဆိုပြီးထွက်သွားတာ ခြောက်နာရီလဲ ပြန်မလာ ခုနှစ်နာရီလဲ ပြန်မလို့ မားမားနောက်ကလိုက်သွားတော့မှာ အံမယ်ဆရာသမားက သူ့ကိုကို ထမင်းခွံကျွေးနေလေရဲ့လေ ထမင်းကျွေးပြီးလို့လဲမပြီးသေးဘူးနော် ကိုကို ညစောင့်အိပ်မပေးရမလား ကိုကို အိပ်ပျော်အောင်အိပ်နော်နဲ့ မှာတမ်းခြွေတာ အိမ်ရောက်တဲ့ထိမပြီးဘူးနော် အိမ်ဖုန်းနဲ့လှမ်းဆက်ပြီး သဲနေသေးတာ"
"ဟားဟား ဟုတ်ရဲ့လားသား မင်းမားမားပြောတာတွေ"
"ဟုတ်တာတော့ ဟုတ်ပေမယ့် သဲတာဟုတ်ပါဘူး မေမေကမှာခဲ့တယ် ကိုကိုက သမိုင်းဘာသာဆို အရမ်းကြောက်တာတဲ့ နောက်ပြီး စတုတ္ထတန်းက အစိုးရစစ်မို့ ပိုခက်မှာတဲ့ အဲ့ဒါမို့ သားက အားပေးနေတာပါ"
"ဟားဟား ငါ့သားရာ"တကယ်ကိုအဟုတ်ပါ ဒီအိမ်လေးက ပေါက်ပေါက်ရှိမှ ပိုသာယာတာပါ။

#ဘယ်အချိန်ထိအတူရှိနိုင်မယ် မသိရတဲ့လောကကြီးမှာ ခုနှစ်ရက်မပြောနဲ့ ခုနှစ်စက္ကန့်တောင်မခွဲခြင်ပါဘူး#


ချစ်သူ့ဒေါက်တာOpowieści tętniące życiem. Odkryj je teraz