Extra 12

106 11 3
                                    

Unicode
................

အင်ကြင်း ပထမဆုံးအကြိမ် ဦးမင်းသူရရဲ့ ဆန္ဒအရ ကုမ္ပဏီတွင်ဝင်လုပ်နေခြင်းဖြစ်သည်။ သူမကို အောက်ခြေဝန်ထမ်းမှစကာ လုပ်ကိုင်စေသော်လည်း သူမကလက်မခံသည်မို့ ဌာနမှူးရဲ့လက်ထောက်နေရာ ရသွားခဲ့သည်။

သူမကို ထိုနေရာထားပေးထားသဖြင့် ပိုလို့တောင်ကျေနပ်ပါသေးသည်။ သူမမွှေချင်သလို မွှေလို့ရပြီမဟုတ်လား။ အနားမှာထားရင် လှုပ်ရှားလို့တောင် မရနိုင်တာ ခုလိုဌာနမတူတော့ ပိုလို့ပင် စီစဉ်လို့ကောင်းသည်လေ။

သူမက ဌာနတွင် အငယ်ဆုံးနဲ့ အသွက်ဆုံးဖြစ်သော်လည်း တောက်တိုမယ်ရကအစ အားလုံးခိုင်းခံရတာကြောင့် မလုပ်ချင်သော်လည်း လုပ်ပေးနေရလေသည်။

သူမကြားသိရသလောက် ဦးမင်းသူရသည် project တစ်ခု လေလံအောင်ထားပြီး ထိုproject အတွက် အတော်လေး ရင်းနှီးထားပုံရလေသည်။ တစ်ပတ်အတွင်းလေ့လာထားသလောက် ဦးမင်းသူရ၏ ကုမ္ပဏီသည် ဝန်ထမ်းချင်း အကျင့်ပျက်ချစားခြင်းတွေ အများအပြားရှိနေပုံပင်။

အထူးသဖြင့် HR ... ဝန်ထမ်းတွေဘက်မကြည့်ပဲနဲ့ အကောင့်မန်နေဂျာဆိုသူနဲ့ ပေါင်းပြီးစားနေကြတာလေ။ ပေါင်းစားတယ်ဆိုလို့ ထမင်းထင်နေဦးမယ်... ငွေတွေကိုပြောတာနော်။ အင်ကြင်းက သူမဖခင်ကို မကြည်ဖြူပေမဲ့လို့ ဒီလိုမကောင်းတဲ့လူတွေရှိနေခြင်းမျိုးတော့ သူမမကြိုက်ပေ။ ထို့ကြောင့် ကြုံတုန်းဆုံတုန်း ဒီလူတွေကို အပြစ်ပေးရဦးမည်ပင်။

"ကျစ်... အလုပ်ကို ဘယ်လိုလုပ်နေတာလဲ ဟမ်!!? ခုကြည့်စမ်း ဒီလောက်လုပ်စရာတွေ အများကြီးရှိနေတာ တစ်နေကုန်ဘာမှမလုပ်ကြဘူးလား။ ဟိုတစ်ယောက်... နင်လည်းဒီတိုင်းပဲ။ အားနေ စကားပဲများနေ ... အလုပ်ကြတော့ သေချာမလုပ်ဘူး။ မင်းတို့လုပ်လို့ ကြားထဲက ငါပဲ အဆူခံရတယ်ဆိုတာ မင်းတို့မသိတာလားxxxx"

ဟု စသဖြင့် အော်ဟစ်ကြိမ်းမောင်းနေသော အသံက ရုံးခန်းတစ်ခုလုံးကို ပြည့်နှက်သွားလေသည်။ အင်ကြင်းရှေ့တွင်လည်း စာရွက်စာတမ်းတွေ အပုံလိုက်ကြီးလာတင်ထားကာ ညဆိုင်းဆင်းလုပ်ရင်တောင် ပြီးမည့်ပုံမပေါ်ပေ။

Twins' Love Season 2 (Completed)Where stories live. Discover now