Part-5

585 47 5
                                    

Unicode

ဂျောင်ဂုတစ်ယောက် မင်ဂျယ်ကို ပြန်ခိုင်းပြီး ထယ်ယောင်းကိုသူ့အိမ်ခေါ်လာလိုက်သည်။

သူ့အိမ်ရောက်တော့မှ ထယ်ယောင်းကိုစကားစလိုက်သည်။

"ငါ မင်းကို လိုအပ်တယ်..အဲ့ဒါကြောင့် မင်းငါ့ကို ဟိုတစ်ခါကလိုပြုစုပေးနိုင်မလား..."

"ဗျာ...ခင်ဗျားကို ဟိုတစ်ခါလိုပြန်ပြုစုပေးရမယ်ဟုတ်လား.."

"အင်း...ဟုတ်တယ်..."

"ဒါနဲ့ ခင်ဗျားတပည့်ပြောတာတော့ ခင်ဗျားက လူတစ်ယောက်ကိုတစ်ခါပဲသုံးတာဆို အခုဘာလို့ ကျွန်တော့်ကို အဲ့လိုလုပ်ဖို့ ထပ်ခိုင်းနေတာလည်း..."

"အဲ့ဒါက ငါ့အကြောင်းပါ မင်းနဲ့မဆိုင်ပါဘူး...မင်းနဲ့ဆိုင်တာက ငါ့ကိုပြုစုပေးဖို့ပဲ..."

"ကျွန်တော် အဲ့လိုမျိုး ထပ်မလုပ်ချင်တော့ဘူး...ပြီးတော့ ကျွန်တော်က အဲ့လိုလုပ်စားတဲ့လူမျိုးလည်းမဟုတ်ဘူး...ဟိုတစ်ခါကလည်း ခင်ဗျားတပည့်အတင်းခေါ်လာလို့ လိုက်လာရတာ..ကျွန်တော် လုပ်ချင်လို့လုပ်တာမဟုတ်ဘူး..."

ထယ်ယောင်းအဖြေစကားကြားတော့ ဂျောင်ဂုမှာ စိတ်မရှည်သလိုပုံစံမျိုးနှင့် စုတ်တစ်ချက်သပ်ကာ...

"ကျစ်...ငါမင်းကို ဟိုတစ်ခါပေးတဲ့ ငွေထပ် 3စပေးမယ်ကွာ...ငါတောင်းဆိုတာ လိုက်လျောပေး..."

ထယ်ယောင်းမှာ ဟိုတစ်ခါပေးတဲ့ငွေထပ် 3စပေးမယ်ပြော၍ မျက်လုံးလေးအရောင်လဲ့လာသည်။ အခုချိန်မှာ သူ့ညီမလေးခွဲစိတ်ဖို့အရေးကြီးနေတာကြောင့် ငွေများများရလေ သူ့အတွက်ကောင်းလေ ဖြစ်သည်။ ထို့ကြောင့် ဂျောင်ဂုပြောတော့ ချက်ချင်းလက်ခံလိုက်တော့သည်။

"အင်း...ကျွန်တော်လက်ခံတယ်..."

ဂျောင်ဂု ထယ်ယောင်းအဖြေစကားကြားတော့ မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

!ဟက်...ငွေများများလိုချင်လို့မူနေတာများ အရမ်းသိသာလွန်းတယ်....ငါလည်း ငွေ3စပေးမယ်ဆိုတော့ ချက်ချင်းကို လက်ခံတော့တာပဲ...ဒါနဲ့များ သူ့ကိုယ်သူ အဲ့လို လုပ်စားတဲ့ လူမျိူးမဟုတ်ဘူးလေးဘာလေးနဲ့...!

Money$Where stories live. Discover now