💜27💜

1.7K 213 118
                                    

ထယ်ယောင်းနဲ့ဂျောင်ကုတို့နှစ်ယောက်
sexလုပ်ရင်လုံခြုံအောင်လို့ ထယ်ယောင်းအိမ်ရဲ့အခန်းထဲ
လုပ်ကြကာ အခုလဲ ထယ်ယောင်းရဲ့အခန်းထဲမှာညဘက်ဖက်ပြီးအနားယူနေကြပြီ~

"ကိုကို~"

"ပြောလေကလေးလေး~"

"ကလေးကိုချစ်လားဟင်~"

"ချစ်တာပေါ့ကလေးရဲ့ အများကြီးချစ်တယ်~"

"ကလေးရဲ့မိဘတွေကရော?"

"သူတို့လဲချစ်မှာပါ ကလေးရယ်~"

"အဲ့တာဆို ဘာလို့စွန့်ပစ်တာလဲဟင်~"

ဝမ်းနည်းစရာအကြောင်းတွေတွေးပြန်ပြီဖြစ်တဲ့ဂျောင်ကုကို
ထယ်ယောင်းကသေချာလေးဖက်ထားပေးပြီး
မျက်နှာလေးကိုကြည့်တော့ ငိုမဲ့မဲ့လေးဖြစ်နေပြီ~

"သူတို့မှာအကြောင်းပြချက်တွေရှိကြမှာပါ
အရမ်းကြီးမတွေးနဲ့နော်ကလေး~"

"ဟင့်အင်း စွန့်ပစ်တယ်ဆိုတာမချစ်လို့လဲ
ချစ်ရင်စွန့်ပစ်မှာမဟုတ်ဘူး~"

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်~"

"ကလေးကိုအများကြီးချစ်ပေးနော်ကိုကို ကလေးမှာ
ကိုကိုတစ်ယောက်တည်းရှိတာ~"

"စိတ်ချ ကိုကိုက တစ်သက်လုံးကလေးကိုချစ်သွားမှာ..မွ~"

ဂျောင်ကုရဲ့မျက်ခွံကိုထယ်ယောင်းဖိနမ်းလိုက်ချိန်
စီးကျလာတဲ့မျက်ရည်တွေကို ထယ်ယောင်းကသုတ်ပေးပြီး
ပါးပြင်နုနုကို လက်မလေးနဲ့အသာပွတ်ပေးလေရဲ့~

"ကလေးက သူများတွေလို မိဘတွေ
ညီအစ်ကိုမောင်နှမတွေနဲ့ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာနေချင်တာကိုကိုသိပါတယ် အဲ့တာကြောင့်ကိုကိုက
အဲ့အချစ်တွေအားလုံးကိုပေးမယ်နော်~"

"တကယ်နော်ကိုကို~"

"တကယ်ပေါ့ကလေးရဲ့ ကိုကို့အပေါ်မှာကြိုက်သလောက်ဆိုး
ကြိုက်သလောက်ဂျီကျ ကိုကိုက မျက်နှာတစ်ချက်မပျက်ဘဲအလိုလိုက်မယ်~"

"အမြဲတမ်းလုပ်ပေးနိုင်မှာလား~"

"လုပ်ပေးနိုင်တာပေါ့အချစ်ကလေးရဲ့ တစ်သက်လုံးလုပ်ပေးမှာ~"

~~Mask~~{Complete}Where stories live. Discover now