သည်သောင်ကမ်းက လွမ်းပါ့မယ် / စဆုံး

86 0 0
                                    

အပိုင်း ၁

     " ဒုတ် "
"အား………"

       ကြားလိုက်ရသော အသံ။ နာကျင်စွာ
အော်သံရှိရာ ပြေးကြည့်မိချိန် သွေးရွဲနေသော
ဓားတစ်လက်ကိုင်ထားသော ကောင်လေး
နှင့် လက်တစ်ဖက်ပြတ်နေလေသော အလုပ်
သမားတစ်ယောက်။

"နေရောင်သွေး မင်း ဒါဘာလုပ်တာလဲ"
"မြင်တဲ့အတိုင်းပဲဗျာ သူ ဘာလို့
ညီ့အသားကို လာထိသလဲ"

"မင်းလက်က ဓားကို အခုချစမ်း"
"မချဘူးဗျာ ဒီလူ လည်ကို လှီးသတ်မယ်"
"ဟေ့ကောင် ဟာကွာ"

"သခင် သခင် ကယ်ပါ ကယ်ပါ"

"ဟေ့လူ အခုပြန်လာစမ်း"
"နေရောင်သွေး ကိုကြီးပြောနေတယ်လေ"
"မသိဘူးဗျာ ကိုကြီး သိပ်ရှုပ်တယ်"

  မြည်တွန်တောက်တီးကာ မကျေလည်
စွာ ထွက်သွားလေသော ဆယ်ကျော်သက်
အရွယ် ကောင်လေးတစ်ယောက်။

"လာ ထ ကျုပ် ဆေးကုသပေးမယ်"
"သခင့် ကျေးဇူးကို မမေ့ဝံ့ပါဘူး"
"သူ ဘာကြောင့် အခုလို လုပ်သလဲ
ဆိုတာ ဆေးရုံသွားရင်း ပြောပြပါ လာ"

"ဟုတ်ကဲ့"

  ထိုသို့ပင်။
  တစ်ယောက်သောသူ၏ လက်က အေးချမ်း
မှုကို မွေးဖွားပေးသော်လည်း ကျန်တစ်ဦး၏
လက်ကတော့ သွေးချောင်းစီးမှုကိုသာ အာသီ
သ ရှိလွန်းလှပေသည်။

"ဒီမှာ ဦးလေး လုပ်အားခပါ ကလေးက
မသိတော့ ပြောမိတာပါ အခုလို ဖြစ်သွား
တဲ့အတွက်လည်း စိတ်မကောင်းပါဘူး
ဒီလောက်တင် ကျုပ်မှာ ရှိတာပဲ အကုန်ယူသွားပါ"

"မဟုတ်တာ သခင်ရယ် နေပါစေ
သခင့်ကျေးဇူးတွေ သိပ်များနေခဲ့တာ
အခုတောင် ဇနီးက ကိုယ်ဝန်နဲ့ဆိုတော့
လာခဲ့တာ သခင်ငယ် ကြားဖြတ်လိုက်လို့"

"စိတ်မကောင်းမိပါဘူးဗျာ ခွင့်လွှတ်ပါ
လည်း မတောင်းဆိုလိုပါဘူး"
"နေပါစေ သခင် ကျေနပ်ပါတယ်
နေရောင်ကြောင့် လရောင်ဆိုတာရှိလာ
ပေမဲ့ လရောင်က အေးချမ်းမှုကို ဆောင်ပါ
တယ် သခင်ရယ်………"

   လရောင်သွေး ဘာမျှ မပြောလိုတော့ချေ။
ဖအေတူ မအေကွဲ ညီလူမိုက်လေးကိုသာ
မြင်ယောင်နေမိတော့သည်။ ကားကို ဖြည်း
ညင်းစွာ မောင်းလာနေမိချိန် ဖုန်းတစ်ချက်မြည်
လာလေသည်။

Normal Fiction သီးသန့်Where stories live. Discover now