အချစ်ကိုပေးဖို့နှင်းဆီနီနီလေးတစ်ပွင့်ခူးထားတယ်

286 37 7
                                    

ဝါကျင့်ကျင့်မီးသီး၏အလင်းရောင်သာမြင်ရသောအခန်းထဲတွင်ဖြစ်သည် ။

" တောက်စ် ချစ်ဦးမှာလား ပြောစမ်း "
ဂျောင်ဟန်၏အသံ၏နဂိုထက်ပိုမိုစူးရှနေသည်မို့အနက်ရောင်ဝတ်စုံဖြင့်လူတို့
သည်လည်းတုတ်တုတ်မျှမလှုပ်ရဲကြပေ ။
ယွန်းဂျောင်ဟန်သည်တစ်ဖက်မှလူငယ်၏မေးကိုဆွဲမော့ကာမေးပြန်သည်

" ယွန်းဂျောင်ဟန်ကိုသိပ်ချစ်တာ "
ဂျိုရှူအာဘာလို့ဒီလောက်ခေါင်းမာလဲအမှန်ပင်မစဉ်းစားနိုင်တော့ပါ ။

" ဂျိုရှူအာ ! "
ယွန်းဂျောင်ဟန်သည်ခါးမှဆောင်ထားနေကျဖြစ်သောသေနတ်ကိုထုတ်ကာဂျိုရှူအာ၏နဖူး၌ထောက်ထားလိုက်သည် ။

" အခုရော ချစ်သေးလား "

" ချစ်လွန်းလို့ ရူးမတတ်ပဲ "
ဂျိုရှူအာသည်လည်း မဆိုင်းမတွပင်ထိုအဖြေကိုထပ်ဖြေလျက်
ယခုချိန်အထိသေနတ်ဖြင့်အထောက်ခံထားရသလို သူ၏လက်တို့မှာလည်းကြိုးများဖြင့်ချည်နှောင်ခံထားရသည့်တိုင်
ယွန်းဂျောင်ဟန်လက်မှသေနတ်ကတော့
ဂျိုရှူအာ၏နဖူးထက်တွင်ရှိနေသည်

သို့သော်လည်းမည်သူကမျှယွန်းဂျောင်ဟန်အားဘာမျှဝင်မပြောရဲကြပေ
ကျည်ဆံသည်အချိန်မရွေး
ဦးနှောက်ထဲသို့ဖောက်ဝင်နိုင်သည်မဟုတ်လား
ဂျိုရှူအာကတော့ထိုသို့မဟုတ်ပေ မကြောက်မလန့်ယွန်းဂျောင်ဟန်ကိုသိပ်ချစ်ပါသည်တဲ့

"Will ဂျိုရှူအာကို
ငါ့မျက်စိရှေ့ပေါ်မလာစေနဲ့"
ဂျောင်ဟန်သည်ဂျိုရှူအာကိုခပ်စူးစူးတစ်ချက်ကြည့်ကာအမိန့်ပေးလိုက်လေသည်

..................

" Will "

" ဟုတ်ကဲ့ ခေါင်းဆောင် "

" ငါကလှလား မဟုတ်ဘူး ချောလား "
ဂျောင်ဟန်မှာထိုသို့မေးနေသော်လည်းသူ၏မျက်နှာမှာပကတိအေးစက်နေ‌သည်မို့ Will တစ်ယောက်အခက်တွေ့နေချေပြီ

" ဂျောင်ဟန် "
ဂျိုရှူအာ၏အသံကြောင့်ဂျောင်ဟန်တပည့်များကိုစူးရဲစွာကြည့်လိုက်သည်မို့ သုတ်သုတ်ပျာပျာဖြစ်ကာရှင်းပြကြသည်။

" ခေါင်းဆောင် သခင်‌လေးဂျိုရှူအာက ခေါင်းဆောင်ကိုပဲအတင်းတွေ့ချင်တယ်လုပ်နေလို့ပါ ကျွန်တော်တို့တားပါသေးတယ် "
ရုတ်တရက်အခန်းထဲသို့အတင်းဝင်လာသောဂျိုရှူအာကြောင့် Will မှာအသက်ရှူပေါက်ရသွားလေသည်
ထို့နောက်ဂျောင်ဟန်ကလက်ဖြင့်အကုန်လုံးကိုအပြင်ထွက်သွားရန်ပြလိုက်သည်မို့ အခန်းထဲ၌ဂျိုရှူအာနှင့်ဂျောင်ဟန်သာကျန်ခဲ့တော့၏

You've reached the end of published parts.

⏰ Last updated: May 21 ⏰

Add this story to your Library to get notified about new parts!

အချစ်ကိုပေးဖို့နှင်းဆီနီနီလေးတစ်ပွင့်ခူးထားတယ်Where stories live. Discover now