Part 10

1.1K 28 0
                                    

လေ့ကျင့်ခန်းလေးလုပ် ရေချိုး အဝတ်စားလဲပြီး လှေကားကနေ မီးဖိုထဲပြေးဆင်းလာတော့

မေ မပြေးနဲ့ ပြုတ်ကျအုန်းမယ်

ရုံးသွားမဲ့အဝတ်စားသပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ မမက နောက်ကိုလှည့်မကြည့်ဘဲ မနက်စာပြင်ရင်းမေ့ ကိုလှမ်းသတိပေးနေသည်

ဖြည်းညှင်းစွာနဲ့နောက်ကသိုင်းဖက်လိုက်ရင်း

ပြုတ်မကျပါဘူး မေကလေးမှမဟုတ်တာကို

အဆိုးလေး နောက်တစ်ခါပြေးရဲပြေးဆင်း
ကြည့် အဲ့ခြေထောက်တွေသွေးထွက်အောင်ရိုက်ပေးမယ်

ဟင့် ချစ်တော့ဘူး မမကို

တကယ်မချစ်တော့ဖူးလား

အင်းဟုတ်တယ်

အဲ့တာဆိုလဲ ဖက်ထားတဲ့လက်ကလေးလွှတ်ပေးအုန်းလေ နောက်တစ်ယောက်သွားရှာရအောင်လို့

ဟာ မမကကွာ

မီးဖိုဘက်မျက်နှာပေးထားရာမှ မေ့ဘက်ကိုလှည့်လိုက်ပြီး ပါးဖောင်းဖောင်းလေးကိုညစ်ကာ

တစ်နေ့ထက်တစ်နေ့ပိုပိုဝလာသလိုဘဲ ဝက်ကလေးဖြစ်တော့မှာဘဲ

အဲ့ကြောင့်မချစ်တော့တာလား

ဟဟ မချစ်ဘူးလို့ဘယ်သူကပြောလို့လဲသူ့ဟာသူပြောပြီးတော့

မသိဘူး စိတ်ကောက်တယ် ပြန်ချော့

ဘာနဲ့ချော့ရမှာလဲ တုတ်နဲ့ချော့ပေးရမလား

ဟင့် ခေါာဘူး

လိမ္မာတယ် မဆိုးနဲ့တော့ ရုံးသွားရတော့မယ်လေ မနက်စာစားရအောင်

မမ

ဟင်

အသီးရွက်သုပ်ကြီး စားချင်ဖူး

အဲ့တာဆိုတုတ်စားမလား

အကျင့်ပုတ်တယ် ညနေရုံးဆင်းရင် မမနဲ့ပြန်မလိုက်ဖူး မေမေဆီသွားပြီးမမအကြောင်းတွေပြန်တိုင်ပစ်မယ်

အဲ့တာဆိုလဲသွားလေ မမကတော့ ကစားကွင်းတစ်ယောက်ထဲသွားရတော့မှာပေါ့

ဘာလို့လဲ

မေဘဲသွားချင်တယ်ဆိုလို့ လိုက်ပို့မလို့လေ မေက အိမ်ပြန်မှာဆိုတော့ ပြန်ပေါ့ မမဘာသာသွားမယ်

မေ့ ရဲ့ နန်းHikayelerin yaşadığı yer. Şimdi keşfedin