4

5.5K 869 68
                                    

"ရော့ "

မျက်စိရောက်လာတဲ့ ထမင်းပန်ကန်မှာ
ဝါကျင့်ကျင့် အရောင်ရှိတဲ့ ဆန်ကြမ်းပေမဲ့
ခပ်ကျဲကျဲအရည်စမ်းထားတဲ့ ငံပြာရည်ရယ် ၊အတို့အမြှပ်က သရက်သီးစိမ်း နှစ်စိတ်ရယ် ငါးကြော်သေးသေးတစ်ကောင်ရယ်မို့ သူ့အတွက် နတ်သုဒ္ဓါနဲ့မလဲနိုင်ပေ။

သူအရီးစိန်ကို ရယ်ပြပြီး ခပ်နွေးနွေးရှိတဲ့ ထမင်းကို လက်ဆေးက နှယ်လိုက်သည်။

သူဒီရက်ပိုင်း ဟိုဖက်ကမ်းဒီဖက်ကမ်း ပို့တဲ့ စက်လှေမှာ ရေပက်ကြိုးချည်အလုပ်ဝင်လုပ်ခဲ့သည်။

တစ်နေ့လုပ်အားခ သုံးထောင် ။ နေ့လယ်စာ ခုလို ထမင်းတစ်နပ်ကျွေးတာမို့ မငတ်ရုံတမယ် အခြေအနေကနေတိုးတက်လာတယ်ဆိုရမလား။
အဖေနာရေးပြီးသွားပြီးနောက်မှာ ကြွေးမြီးတချို့ကိုလည်း အဖေအသေဖြောင့်‌အောင် ဆပ်သင့်တာဆပ်ပစ်လိုက်တာမို့ သူ့လက်ထဲကျန်တဲ့ပိုက်ဆံက နည်းနည်းသာရှိတော့၏။

တစ်ကိုယ်တည်းရွက်လွင့်နေတာမို့ ပေးမဲ့ကမ်းမဲ့သနားမဲ့သူကလည်း ရှိသေးသည်။

ခုလိုပဲ ဟင်းမကောင်းပေမဲ့ အရီးစိန်က စေတနာပါပါ သူ့အတွက်ထမင်းပူတာလေးခူးခပ်ကျွေးတက်တာမို့ စားဝင်လေသည်။ ကိုစိုးကျော်ကတော့ ငွေသုံးထောင်နဲ့တန်အောင်ခိုင်းတက်ပေမဲ့ အရီးစိန်မျက်နှာကြောင့်
သူကလည်း မခိုမကပ်ပဲ လုပ်ပေးတက်သည်။

ထမင်းအမြန်စားကာ ကိုစိုးကျော်မလာခင် စက်လှေပေါ်သွား၍ ရေပက်ထားလိုက်သည်။ နေ့ခင်းဆို တစ်နာရီလောက်နားတာကြောင့် ရေပက်ပြီးချိန်ခဏ တရေးတမော အိပ်လို့ရ၏။
မနက်‌ အစောကြီးအခေါက်နှင့်လိုက်တက်တဲ့
ဈေးလှည့်ရောင်းသော အဒေါ်ကြီးတချို့ကို မညိုမငြင် ကူညီ၍ ပစ္စည်းတင်ပေးတဲ့အခါ ပါတဲ့မုန့် ကျွေးသွားတက်သည်။

မနက်စာလည်း စားရသည်။နေ့ခင်းစာလည်းစားရသည်။ ကလေးသာသာ သူ့အတွက် ထိုအလုပ်က
အဆင်ပြေတာထက် ပိုနေပါသေးသည်။

သူအိပ်ပျော်၍ ကောင်းတုန်း အရီးစိန်၏ သား ကိုစိုးကျော်က ခြေဖြင့် ဒူးကိုတို့ကာ သူ့ကိုနှိုး၏။

"ထတော့ ငချမ်း ။ လူတွေ စုံပြီ"

"ဟုတ်"

သူအမြန်ထကာ မော်တော်ပေါ်ရှိခရီးသည်တချို့ကိုကြည့်လိုက်သည်။

ကမ္ဘာ့အချစ်တတ်ဆုံးယောက်ျားWhere stories live. Discover now