-1-

393 73 5
                                    

ကောင်းကင်တစ်ခုလုံးက တိမ်တွေဖြင့် ဖုံးအုပ်နေပြီး တစ်လောကလုံးကို အလင်းရောင်ပေးနေသည့် နေမင်းကြီးပင် ကွယ်ပျောက်လုနီးပါး ဖြစ်နေချိန်ဖြစ်သည်။

ဝမ်လုရီဆိုသော ရှင်ဘုရင် အုပ်စိုးနေသော အချိန်ကာလတစ်ခု။သက်တော်ကြီးနေပြီ ဖြစ်သည့်အလျောက် ထက်မြတ်နေဆဲဖြစ်သည့်
မင်းကြီးတစ်ပါး။

ဒုတိယအိမ်ရှေ့စံမင်းသား ဝမ်ရိပေါ်။
သားတော်များထဲမှ လိမ်မာရေးခြားရှိပြီး သူ့လိုကဲ့သို့ ရဲရင့်ထက်မြတ်လှပါသော သူ။
ထိုသားတော်ဟာ ပထမအိမ်ရှေ့စံမင်းသား
အကိုတော် ဝမ်လျိုရန်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်မှာ မယုံနိုင်စရာ အကြောင်းအရာ တစ်ခု။

အရမ်းကိို တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြပါသည့်
ညီအကိုတွေသည် ဘယ်အကြောင်းအရာတွေကြောင့် အခုလို လုပ်ရက်ခဲ့ပါသလဲ။

"ရိပေါ်!"

ဘုရင်ဝမ်လုရီက တရားရေးရာဆုံးဖြတ်သည့် နန်းတော်တွေ ကြိုးတုပ်ဒူးထောက်ထိုင်နေသော သားတော်အမည်နာမကို ခေါ်လိုက်သည်။

မော့ကြည့်လာခဲ့သည့် ရဲရင့်လွန်းသည့် မျက်ဝန်းတစ်စုံ။အကိုတော်တစ်ယောက်လုံးကို သတ်ခဲ့ပါသည်ဆိုသောအရာသည် ထိုမျက်ဝန်းတွေကို ကြည့်ရင်ပင် နှစ်ခါစစ်ဆေးစရာမလိုအောင် မှန်ကန်လွန်းနေပေသည်။

"ဘာကြောင့်များလဲ ရိပေါ်"

ဝမ်လုရီ၏အမေးကို သားတော်က ​ပြုံးရုံသာ ပြုံးပြီး ပြန်မဖြေခဲ့။ထိုစဥ် မိခင်ဖြစ်သည့် မိဘုရားခေါင်းကြီးမှ ထိုမြင်ကွင်းနှင့်ဖြစ်ရပ်ကို မခံစားနိုင်လွန်းလို့ လဲကျသွားလေသည်။

"မိဘုရားခေါင်ကြီး!!!"

လူအများက မိဘုရားခေါင်ကြီးဘေးနား ရုတ်ရုတ်သဲသဲ ဖြစ်သွားနေချိန်မှာပဲ တရားခံ ဝမ်ရိပေါ်က သူသောက်ရမည့်ဖြစ်သည့် အဆိပ်ခွက်ကို တစ်ချိုက်တည်းပင် မော့ချလိုက်လေသည်။

ထိုအရာကို မြင်လိုက်တော့ မင်းကြီးမှ ရိပေါ်အနားကို လာရောက်ပြီး အံထွက်စေရန်ပြုစေခဲ့ပေမယ့် သားလူမိုက် ဝမ်ရိပေါ်ဟာ ပါးစပ်ကို အတင်းပင် ပိတ်ထားခဲ့လေသည်။

Você leu todos os capítulos publicados.

⏰ Última atualização: May 06 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

THE SHADEOnde histórias criam vida. Descubra agora