5

338 61 4
                                    

အစ်ကိုတို့ခြံအနောက်ဘက်ကဥယျာဥ်လေးထဲမှာ ဆိပ်ဖလူး ပန်းပင်တစ်ပင်ရှိသည်....
အစ်ကို့ မေမေ အန်တီ Amber အရမ်းကြိုက်တဲ့ပန်းပင်ပေ့ါ......
ညရောက်ပြီဆိုတာနဲ့ ပြွတ်သိပ်မွှေးအီနေအောင်ပွင့်တတ်တဲ့ ဆိပ်ဖလူးပွင့်အဖြူလေးတွေက သူ့ရိုးတံ လိမ္မော်တောက်တောက်လေးတွေနဲ့သိပ်ကိုလိုက်ဖက်တာ......

ဆယ့်နှစ်လပိုင်း....တစ်လပိုင်း‌ ရောက်လာလို့ ဆိပ်ဖလူးပွင့်တွေမြိုင်ဆိုင်အုံ့ခဲလာချိန်များဆို လေ‌ လေးတစ်ချက်ဝှေ့လိုက်တာနဲ့ တစ်ခါ‌တစ်လေကျွန်တော်တို့အိမ်ဘက်ကပါအနံ့ရတဲ့အထိမွှေးတဲ့ပန်းလေးတွေ.....

မေမေ နဲ့ မမလည်း ဆိပ်ဖလူး အနံ့ဆိုအသည်းစွဲကြိုက်ကြသည်ပင်.....

အဆင်းရောအနံ့ပါပြည့်စုံပေမယ့်လည်း ဆိပ်ဖလူးပန်းလေးတွေက ကံ တော့မကောင်းရှာပါ......

တလောကလုံးအနားယူအချိန်......
လူခြေတိတ်ချိန် ညဘက်ကျမှ အလှဆုံး အမွှေးဆုံးပွင့်ကြရတဲ့ ဆိပ်ဖလူးပန်းလေးတွေခမြာ လောကမှာ ကြာကြာမြင့်မြင့်လှလှပပ နေခွင့်မရ......
ရောင်နီလာတာနဲ့ မြေခရရှာသည်.....

တစ်ညသာအလှဆုံးပွင့်ပြီး စောစီးစွာကြွေလွင့်ပေးရသည့် ပန်းပွင့်ငယ်လေးတွေမို့ အန်တီ Amber က ဆိပ်ဖလူးပန်းလေးတွေကိုဆိုသိပ်သနားတာ......

ကျွန်တော်ကတော့ ပွင့်ချပ်ငါးချပ်ကနေ ရှစ်ချပ်အထိပါတတ်တဲ့ အပွင့်ဖြူဖြူသေးသေးလေးတွေနဲ့ လိမ္မော်တောက်တောက်ရိုးတံလေးတွေရှိတဲ့ ဆိပ်ဖလူး ပန်းပွင့်လေးတွေကိုသဘောကျပေမယ့် ကြာကြာတော့မထိတွေ့နိုင်ပါ.....

သူ့အနံ့ကိုကြာကြာရှူမိရင် ကျွန်တော်အသက်ရှူမဝ ဖြစ်တတ်လွန်းလို့ အဝေးကပဲကြည့်ဖြစ်တာများသည်......

တစ်ချို့အရာတွေက ဘယ်လောက်ပဲသဘောကျကျ အဝေးကလှမ်းငေးနေရတာပဲအဆင်ပြေသည်.....
မသင့်တော်မှန်းသိရက်နဲ့ ပိုင်ဆိုင်ဖို့အတင်းအကြပ်ရှေ့တိုးမိရင် အဆုံးသက်မှာ နှစ်ဦးနှစ်ဖက်လုံးကြေမွနစ်နာရတာပဲအဖတ်တင်မည်မဟုတ်ပါလား......

ဒါပေမယ့် အခုတော့ ထူးဆန်းတယ်လို့ဆိုရမည်.....
ပင်လုံးညွတ်အစွမ်းကုန်ပွင့် နေတဲ့ဆိပ်ဖလူးပင်အောက်ရောက်နေတောင် ကျွန်တော် နဲနဲမှ အသက်ရှူရခက်တယ်လို့မခံစားမိ.....
ရင်ဘက်လဲမအောင့်သလို ဘယ်ဘက်တစ်ကြောလုံးလဲကိုက်ခဲမနေ.....

တစ်ခါတုန်းက ပြတင်းဝမှာ ငှက်လေးတစ်ကောင်လာနားဖူးတယ် (completed)Donde viven las historias. Descúbrelo ahora