💜29💜

1.5K 202 146
                                    

အရမ်းအရမ်းကိုမှ သာယာပျော်ရွှင်နေကြတဲ့
ထယ်ယောင်းနဲ့ဂျောင်ကုက မနက်စောစောထsexလုပ်
ရေချိုး ဆိုင်ဖွင့် အလုပ်လုပ်ရင်းလူလစ်ရင်ခိုးစား
ညဆိုတာနဲ့ အိပ်ယာပေါ်အင်္ကျီချွတ်တမ်းကစားနဲ့အဆင်ပြေနေရောဘဲ~

"ကိုကိုရေ ကလေးကိုထင်းသယ်ပေးပါဦး~"

"ဟုတ်ကဲ့ပါဗျာ~"

"ခြောက်တဲ့ဟာဘဲယူခဲ့နော်ကိုကို အစိုဆိုမီးမစွဲဘူး~"

"ကောင်းပါပြီ သေချာရွေးခဲ့မယ်နော်~"

ထမင်းချက်ဖို့လုပ်နေတဲ့ဂျောင်ကုကို
ထယ်ယောင်းကထင်းသယ်ပေးရေခပ်ပေးနဲ့
အဲ့လိုဆိုရင်လဲ ကြည်နူးစရာအတိ~

"ဒီနေ့ ဘာဟင်းချက်မှာလဲကလေး~"

"မုန့်ညှင်းရွက်ကြော်မလို့ကိုကိုရဲ့ ပြီးတော့မနေ့ကဖမ်းထားတဲ့ကျောက်ပုစွန်ချက်မယ်လေ~"

"ကောင်းသားဘဲ~"

"ကျောက်ပုစွန်ကို ကင်မ်ချီလေးနဲ့ချက်ပေးရမလားကိုကို~"

"တော်ပြီ သပ်သပ်စီဘဲစားမယ်~"

"အဲ့တာဆို ရေညှိဟင်းချိုလေးပါလုပ်ပေးမယ်
ဆိုင်ထဲမှာ ရေညှိပြားသွားယူခဲ့ကိုကို~"

ဂျောင်ကုက ကိုကို ကိုကိုနဲ့ ချိုချိုသာသာလေးခေါ်ကာ
အလုပ်ခိုင်းတော့ လုပ်ပေးနေရတဲ့ထယ်ယောင်းမှာလဲ
ပင်ပန်းတယ်လို့မခံစားဘဲ မျက်နှာကြီးကိုပြုံးဖြီးလို့~

"ပင်ပန်းနေပြီလားကိုကို~"

"မပင်ပန်းပါဘူးဗျာ ဟင်းချက်နေရတဲ့ကလေးလေးကသာပင်ပန်းမှာ ကိုကိုနှိပ်ပေးမယ် လာ~"

"မဟုတ်တာကိုကိုရယ် ကလေးကိုနှိပ်ပေးဖို့မလိုပါဘူး
ဖက်ထားပေးရင်ရပြီ~"

"ဖက်ထားပေးမှာ လာထား..မွ~"

"အာ့...ခစ်ခစ်...ခစ်ခစ်~"

ထယ်ယောင်းကဂျောင်ကုကိုကွပ်ပျစ်ပေါ်ဖက်လှဲလိုက်ပြီး
လည်တိုင်ကျော့ကျော့လေးကိုနမ်းတော့
ဂျောင်ကုကလဲတခစ်ခစ်ရယ်မောလို့~

"ကိုကို့ကလေးလေးက နည်းနည်းဝလာသလိုဘဲ
ဖက်ရတာအားရတယ်~"

"ဟုတ်လား ဝလာတာမကောင်းဘူး ဝိတ်လျှော့ရမယ်~"

~~Mask~~{Complete}Where stories live. Discover now