အပိုင်း [၄]

20 5 5
                                    

[၄]

နံနက်ခင်း၏ လင်းအရုဏ်သည် ဖြူသလို၊နီသလို၊ဝါသလိုနှင့် ဝေဝါးစွာ လင်းစပြုနေပြီ။ထိုအချိန်ထိ သူ မကြည်လင်သေး။ထနေကျ ဒီလိုအချိန် အိပ်ရေးမဝတာတော့ တစ်စုံ တယောက်၏ ပယောဂကြောင့်သာ။

ညက ဧည့်သည်နှင့် ကျောခိုင်းပြီး သူလည်း အိပ်ယာတမ်းဝင်ခဲ့သည်။ခေါင်းအုံးပေါ် ခေါင်းချပြီဆိုတာနဲ့ ချက်ချင်း အိပ်ပျော်တတ်တဲ့သူက ဘာကြောင့် မှန်းမသိ တော်တော်နဲ့အိပ်မပျော်ခဲ့ပေ။လူးရင်းလှိမ့်ရင်း ငြီးငွေ့လာတာနဲ့ ကမ်းစပ်ဘက် ထွက်ထိုင်ဖြစ်သည်။ညဥ့်နက်တော့ စက်လှေနဲ့ မြစ်ဘက်ကူးခဲ့သည်။

လေကအေး လူခြေလည်းတိတ်တော့ သူအတွေးတွေများမိပြန်ရော။အတွေးထဲမှာ ဧည့်သည်၏ အပြုအမူကိုပြန်မြင်ယောင်မိသွားတယ်။ထူးဆန်းလို့ဆိုပါတော့။ဒါတင်မကသေး အခေါ်အဝေါ်ကြောင့်လဲ တမျိုးခံစားရသည်။ စိတ်ဆိုးရအခက် မဆိုးရအခက်နဲ့ သိပ်ကိုအကျပ်ရိုက်လှသည်။

"တော်တော်ဆိုးတဲ့လူပဲ"

အပြစ်တင်စကားကို ကိုယ့်နားကြားရုံသာ ခပ်တိုးတိုးဆိုဖြစ်သည်။ဆန်းတော့ ဆန်းပြား၏။ထိုလူက ယောကျ်ားဖြစ်ပြီး လူကို ကလူ၏သို့မြှူ၏သို့ လာလုပ်နေသည်။ဒါပေမဲ့လည်းလေ သူက ဘကြီးရဲ့ဧည့်သည်မလား။အမေလေးဖော်ရွေတဲ့သူလည်း ဖြစ်နေပြန်တော့ နှုတ်လှန်ထိုးဖို့ခက်သည်။

"ထားလိုက်ပါတော့မယ်လေ...ဧည့်သည်ပဲ အချိန်တန်ရင် ပြန်မှာပဲကို"

မြစ်ရေကို လက်ခုပ်ဖြင့်ခပ်ပြီး မျက်နှာသစ်လိုက်သည်။အိပ်ရေးပျက် မျက်လုံးများ ရေအေးကြောင့် ကြည်လင်သွား၏။နောက်..ဇက်ပိုးကို ရေနဲ့တဖျတ်ဖျတ် ရိုက်ပစ်လိုက်သည်။

"အား...လန်းသွားတာပဲ"

နွေရာသီမှာ ကြည်လင်စိမ်းမြလှတဲ့ မြစ်ရေကား မိုးတွင်းလို ရံဖန်ရံခါသော်မှ နောက်ကျိ နေခြင်းမရှိပေ။ သည်မြေမှာမွေး..သည်ရေကိုသောက်၍ ကြီးပြင်းခဲ့ရသော သူ့အဖို့ ဤဒေသသည် သူအတွက် စိတ်အပန်းဖြေရာ။ရေပြင်ကျယ်ကျယ်ကလည်း စိတ်ချမ်းမြေ့ ပျော်ရွှင်ဖွယ်များနှင့် ပြည့်နှက်နေပေသည်။

"ကမ်းနီး...အလွမ်း ၊ ကမ်းဝေး...မေတ္တာ" [Ongoing]Onde histórias criam vida. Descubra agora