💜30💜

1.5K 206 132
                                    

"အားးးးး!!!"

"က...ကလေး ဘာဖြစ်တာလဲ~"

"ဒါဘယ်သူလဲကိုကို~"

ဂျောင်ကုရဲ့ထိတ်လန့်စွာနဲ့အော်တဲ့အသံ​ကြောင့်
ထယ်ယောင်းစိတ်ပူစွာအမြန်ပြေးမေးတော့
ကိုယ်လုံးပေါ်မှန်ကိုလက်ညိုးထိုးကာ သူ့ကိုမေးခွန်းထုတ်လာပြန်တဲ့ဂျောင်ကု​~

"ဟင်??"

"ဒါဘယ်သူလဲလို့ကိုကို့ကိုမေးနေတယ်လေ~"

"ကလေးလေး အဲ့တာကလေးဘဲလေ~"

"ဟုတ်လို့လား ဒီလောက်ရုပ်ဆိုးနေတာ
တစ်ခြားဘယ်ကောင်ကိုခေါ်ထားတာလဲ~"

"သေချာကြည့်ကြည့်ပါဦးကလေးရယ်
ကိုကိုကဘယ်သူ့ကိုခေါ်ရမှာလဲ~"

ဂျောင်ကုကထယ်ယောင်းကိုမယုံသင်္ကာနဲ့ကြည့်ကာ
မှန်နားကပ်သွားပြီး မျက်နှားကိုပြုံးလိုက်မဲ့လိုက်
အမျိုးမျိုးလုပ်ကြည့်နေလေရဲ့~

"ဟုတ်သားဘဲ ကလေးဖြစ်နေတာဘဲ ရုပ်ဆိုးသွားတယ်
အသားလဲမဲသွားတယ် အသားအရေကလဲကြမ်းတမ်းနေတာဘဲကိုကို ဘယ်လိုလုပ်ကြမလဲ~"

"ဟဟ..ကလေးရယ် အဲ့လောက်လဲမဟုတ်ပါဘူးကွာ
ကလေးကချစ်စရာလေးပါ...မွ~"

"ဟင့်အင်း..ကလေးရုပ်ဆိုးနေပြီကိုကို
အသားအရောင်ကလဲမညီဘူး~"

"ကဲ ကဲ အဲ့တာဆိုလဲbeauty salonသွားမယ်
ပြီးရင် တစ်ကိုယ်လုံးပေါင်းတင် ဟုတ်ပြီလား~"

"သွားမယ် အခုသွားမယ်~"

"ခနလေး ကိုကို့cardယူဦးမယ်~"

လှချင်ပြန်တော့လဲချက်ချင်းဖြစ်တဲ့ဂျောင်ကုကို
ထယ်ယောင်းတစ်ယောက် ပြာပြာသလဲနာမည်ကြီး
beauty salonကိုမြန်မြန်ခေါ်သွားကာ
တစ်ကိုယ်လုံး ဂျေးချွတ်ပေါင်းတင်လုပ်ပေးရရော~

"ဘယ်မှမသွားနဲ့နော်ကိုကို~"

"အင်းပါ မသွားပါဘူးကလေးရဲ့ ကိုကိုရှိနေမယ်နော်~"

"ဧည့်သည်မျက်စိလေးမှိတ်ထားပေးပါ~"

ဂျောင်ကုက မပြင်မဆင်နဲ့ကျွန်းမှာ
သုံးနှစ်ကျော်တောင်နေလာတာမို့
နေလောင်ဒဏ်တွေ လေတိုက်ဒဏ်တွေကြောင့်
အသားအရေကမညီညာတဲ့အပြင် ကြမ်းတမ်းနေတာကို
အခုမှသတိထားမိသွားတာကြောင့် စိတ်ညစ်နေရောဘဲ~

~~Mask~~{Complete}Where stories live. Discover now