Extra 13

116 11 11
                                    

Unicode
................

အတွင်းရေးမှူးရဲ့ အလောတကြီး ပြေးဝင်လာသံကြောင့် ဦးမင်းသူရတို့လည်း အလန့်တကြားဖြစ်သွားရသည်။

"သူ.. သူဌေး မကောင်းတော့ဘူး။ အပြင်မှာ... အပြင်မှာ..."

"ဘာဖြစ်တာလဲ"

"ဟောဟဲ... ဟောဟဲ... အပြင်မှာ ဘဏ်က..."

"ဟမ်"

အတွင်းရေးမှူးရဲ့စကားပင် မဆုံးသေး အခန်းတွင်းသို့ ဝရုန်းသုန်းကားဝင်ရောက်လာကြတဲ့ လူတစ်အုပ်။ ထိုလူထဲမှ ရှေ့ဆုံးက တစ်ယောက်သည် ဦးမင်းသူရရှေ့သို့ ရပ်လိုက်ပြီးနောက် သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်လေသည်။

"ကျွန်တော်... အကောက်ခွန်ရုံးကပါ။ ဦးမင်းသူရကို ငွေကြေးအလွှဲသုံးစားမှုနဲ့ အခွန်တိမ်းရှောင်မှုပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။ ကျွန်တော်တို့နဲ့ စခန်းကို လိုက်ခဲ့ပေးပါ"

"ဘာ!!!! ငါဘယ်တုန်းကမှ အခွန်မရှောင်ဖူးပါဘူး။ ဘာကိစ္စမင်းတို့နဲ့ လိုက်ရမှာလဲ။ ရှေ့နေခေါ်မယ်... ငါ့ရှေ့နေပါမှလိုက်မယ်။ မဟုတ်မဟက်တွေ စွပ်စွဲမနေနဲ့"

"ဒါဆိုလည်း စခန်းလိုက်ပြီး ရှင်းပြပေးပါ။ ရှေ့နေလည်း အဲ့ကျမှခေါ်ပေါ့။ သူ့ကိုခေါ်လာခဲ့"

ဟု ထိုသူက သူ့အနောက်မှလူကို မျက်စပစ်လိုက်တော့ ဦးမင်းသူရကို ဖမ်းချုပ်ကာ ခေါ်သွားလေသည်။ ခတ္တာကတော့ အခုထိ ကြောင်တောင်တောင်လေးနဲ့ ကြည့်နေတုန်း၊ ကြည့်နေဆဲပင်။

"မင်းတို့ ငါ့ကို မဆွဲနဲ့။ ငါ့ဟာငါလျှောက်မယ်"

ဟု ဦးမင်းသူရလည်း ရုန်းကန်ရင်း အော်ပြောကာ ပါသွားလေသည်။ ခတ္တာလည်း သူမဖခင်နောက်သို့ စိတ်ပူစွာဖြင့် လိုက်သွားလေသည်။

"ဖေဖေ...!!"

ဒါတွေကို မသိသည့် အင်ကြင်းကတော့ သူမ၏ချစ်ရသူလေးဆီသို့သွားချောင်းကြည့်ရန် ထွက်သွားလေသည်။ အမှန်ဆို သူမထိုနေရာတွင် အလုပ်လုပ်ရခြင်းကို မကြိုက်နှစ်သက်ပေ။ သို့သော် ဖခင်ကို ပညာပေးချင်၍သာ ဝင်လုပ်နေခြင်းဖြစ်သည်။

သို့သော် ထိုအလုပ်ထဲဝင်ခဲ့မှပဲ သူမပိုမိုလို့ပင် စိတ်ပျက်သွားခဲ့ရသည် မဟုတ်လား။ ထို့ကြောင့် ခုလိုအခွင့်အရေးရတာကို လက်လွှတ်ခံနိုင်ရိုးလား။ သူမ၏ကားလေးသည် ခြံငယ်လေးတစ်ခု၏ မလှမ်းမကမ်းနေရာတွင် ရပ်ထားလိုက်ပြီး အိမ်ထဲသို့ လှမ်းကြည့်လိုက်လေသည်။

Twins' Love Season 2 (Completed)Where stories live. Discover now