💜32💜

1.4K 216 125
                                    

seoulကိုပြန်ရောက်လာဘေမဲ့လဲ
အဆင်ပြေပြေဖြစ်နေတဲ့ဂျောင်ကုကို
ထယ်ယောင်းကအလိုလိုက်ကရုစိုက်တယ်လေ~

"အလုပ်မှာကရုစိုက်နော်ကိုကို~"

"ဟုတ်ကဲ့ပါဗျာ~ကလေးလဲတစ်ခုခုဆိုကိုကို့ကိုဖုန်းဆက်နော်~"

"ဆက်ပါ့မယ်~"

မနက်စာစားရင်းစကားပြောနေကြတဲ့ထယ်ယောင်ူနဲ့ဂျောင်ကုကဒီနေ့တော့ တစ်ယောက်တစ်နေရာစီသွားမှာမို့
မှာတမ်းခြွေလို့မပြီးနိုင်~

"အိမ်ငှားအဒေါ်ကြီးကဘယ်လိုလုပ်ပြီး
ကျွန်းကိုသိသွားတာလဲကလေး~"

"အဒေါ်ကအဲ့ကျွန်းသားလေ seoulကလာတဲ့ကုန်သည်နဲ့ချစ်ကြိုက်ပြီးseoulကိုလိုက်လာတာတဲ့~"

"သူ့ယောကျာ်းကိုလဲမတွေ့မိသလိုဘဲ~"

"အွန်း ကျွန်းကအဒေါ်တွေပြောတာတော့ အဲ့လူကအိမ်ထောင်ရှိပြီးသားတဲ့ အဒေါ်လဲseoulရောက်မှသိပြီး
တော်တော်လေးဒုက္ခရောက်ခဲ့သေးတယ်ပြောတယ်~"

"အတိတ်ဆိုးရှိခဲ့တာဘဲ~"

"အဲ့တာကြောင့်ကိုကိုက အဒေါ်ကြီးကိုမကောင်းမမြင်ပါနဲ့တော့~"

"အင်းပါ သွားကြရအောင်လေကလေး
ကလေးကအခုအဒေါ်ကြီးဆီသွားမှာမဟုတ်လား~"

"ဟုတ်တယ်~"

ထို့နောက်ဂျောင်ကုတစ်ယောက်
ထယ်ယောင်းစီစဥ်ပေးတဲ့driverနဲ့
အိမ်ငှားအဒေါ်ကြီးဆီသွားတော့ အိမ်ငှားအဒေါ်ကြီးက
သူ့ကိုမြင်ပြီးအံ့သြနေပုံ~

"ဘယ်လိုဖြစ်ပြီး~~"

"ပင်လယ်စာတွေချည်းဘဲမစားနိုင်တော့လို့
ပြန်လာခဲ့တာ~"

"မှာခဲ့လို့ရတာကို~"

"ဟဟ အလကားစတာပါအဒေါ်ရယ်
ကျွန်တော် ကိုကိုနဲ့လိုက်လာတာ~"

"ဘာ!!"

"စိတ်အေးအေးထားပါအဒေါ် ကျွန်တော်ရှင်းပြပါ့မယ်~"

အိမ်ငှားအဒေါ်ကြီးကိုဂျောင်ကုက
ဖြစ်ခဲ့သမျှကိုသေချာတစ်ခုချင်းစီရှင်းပြတော့
အဒေါ်ကြီးကတတ်လဲတတ်နိုင်တယ်ဆိုတဲ့ရုပ်နဲ့~

"အရင်လိုထပ်မဖြစ်တော့ပါဘူးလိုအာမခံနိုင်လား~"

"ကျွန်တော် ကိုကို့ကိုယုံတယ်အဒေါ် ကိုကိုက
တကယ်နောင်တရနေပြီ~"

~~Mask~~{Complete}Donde viven las historias. Descúbrelo ahora