Extra 14

104 9 3
                                    

Unicode
................

တရားစွဲဆိုထားသည့် ဦးမင်းသူရ၏အမှုသည် ဒီနေ့နဲ့ဆိုရင် တစ်ပတ်ပင်ပြည့်ပြီးလို့နေပြီ။ သူမရှာဖွေထားသည့် အမှုနဲ့ပတ်သတ်သမျှအရာသည်လည်း အတော်အသင့်စုံလင်နေပြီဖြစ်၍ တရားရုံးသို့ ပို့ပေးရန်သာ ကျန်တော့သည်လေ။

ဦးမင်းသူရရဲ့ ရှေ့နေဆိုသူသည်လည်း ရှင်းရှင်းပြောရရင် မကောင်းသောသူတစ်ဦးပင်ဖြစ်သည်။ လာဘ်စားတတ်သူတစ်ဦးဖြစ်ပြီး အခကြေးငွေရသည့် မည်သည့်အလုပ်ကိုမဆို လုပ်မည့်သူမျိုးမို့ ဦးမင်းသူရ၏အမှုကိုလည်း သာမာန်ကာလျှံကာသာလိုက်ပေးပြီး သေချာတာဝန်ယူမှုလည်းမရှိပေ။

(P.S. တရားသောရှေ့နေ‌များကို အပုတ်ချပြောဆိုထားခြင်းမဟုတ်ပါ။ ဇာတ်လမ်းအရမို့ နားလည်ပေးပါနော်)

ထို့ကြောင့် ထိုသူကအားကိုးရမည်မဟုတ်ကြောင်း အင်ကြင်းသိထားလေသည်။ သူမ၏ဖခင်ဆိုတော့လည်း မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို ဒီတစ်ခါတော့ ကူညီပေးလိုက်မည်ဟု ဆုံးဖြတ်ထား၍ ထိုအမှုကို လိုက်ပေးခြင်းဖြစ်သည်။

ဟိုသားအမိကတော့ ကွာရှင်းခွင့်တောင်းထားသည့်အပြင် စာချုပ်မှာပင်လက်မှတ်ထိုးကာ ဦးမင်းသူရအား ပေးပို့ခဲ့လေသည်။ ကုမ္ပဏီလည်း ပြိုလဲခဲ့ပြီး အကြွေးတင်နေခဲ့တဲ့ လူအိုကြီးတစ်ယောက်ကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

ဦးမင်းသူရလည်း ယခုမှနောင်တရနေပြီး အင်ကြင်းနဲ့ သူမအမေအပါ် ပြောဆိုဆက်ဆံခဲ့ခြင်းကြောင့် အားနာနေခဲ့ပြီး ဖခင်မပီသခဲ့တဲ့ အတွက် ယူကြုံးမရဖြစ်ခဲ့ရလေသည်။ ထို့အတွက် ဦးမင်းသူရသည် သမီးဖြစ်သူ၏မျက်နှာကို မကြည့်ရဲလောက်အောင် ဖြစ်ခဲ့ရသည်။

တရားခွင်တွင် မျက်နှာငယ်လေးဖြင့် ထိုင်နေသော ဖခင်ဖြစ်သူကိုကြည့်ပြီး အင်ကြင်းသက်ပြင်းသာ ချလိုက်မိတော့သည်။ သူ၏အတ္တတွေ၊ မာနနဲ့ လောဘတွေကြောင့် ယခုလိုဖြစ်ခဲ့ရသည်မဟုတ်လား။

အားကိုးမရတဲ့ ရှေ့နေကိုဖြုတ်ချပြီး ရှေ့နေအသစ်အဖြစ် မိခင်လက်ထက်ကအားကိုးရတဲ့ ရှေ့နေဖြစ်သူကို ငှားခဲ့ခြင်းဖြစ်သည်။ တရားရုံးတွင် တင်ပြထားတဲ့ အချက်အလက်တွေနဲ့ သက်သေတွေက အတုဖြစ်ကြောင်းတင်ပြနိုင်ပြီး တရားခံအစစ်ကို ဖော်ထုတ်ပြ‌နိုင်ခဲ့သဖြင့် တရားသေလွှတ်သွားခဲ့သည်။

Twins' Love Season 2 (Completed)Where stories live. Discover now