• 3 •

159 28 17
                                    


" ဟေ့....ကင်မ်အွန်းဟက် "

အွန်းဟက်ကျောင်းကပြန်နေရင်း နောက်ပါးဆီမှအော်ခေါ်သံကြားလိုက်ရတာကြောင့် ခြေလှမ်းတို့ကအလိုလိုရပ်တန့်သွားရသည်။

" ဟာ.ရှီးလ်....လာပြန်ပြီကွာ "

အွန်းဟက် စိတ်ပျက်လက်ပျက်နဲ့ရေရွတ်ကာ နောက်လှည့်ကြည့်လိုက်တော့ သူ့ဆီသို့တန်းတန်းမတ်မတ်လာနေသည့် ကောင်လေးသုံးယောက်။

" ကိုယ့်အလုပ်ကိုယ်မသိဘဲ အိမ်ပြန်တော့မလို့လား အွန်းဟက်လေးရဲ့။ ပေးစရာရှိတာပေး ပြီးသွားရင် ငါတို့ကသဘောထားကြီးကြီးနဲ့ ချက်ချင်းသွားခွင့်ပေးမယ် ဟုတ်ပြီလား။ ငါတို့ရဲ့အွန်းဟက်လေးက ချစ်စရာလေးပါကွာ။ "

ထိုသုံးယောက်က အွန်းဟက်ရဲ့ ဆံပင်တွေကိုလာဖွတာကြောင့် အွန်းဟက်ခေါင်းကိုရှောင်တိမ်းလိုက်သည်။ သူ့ခေါင်းကိုလာကိုင်တာတကယ်လုံးဝမကြိုက်။ ထိုသုံးယောက်က အွန်းဟက်ကျောင်းမှစီနီယာများဖြစ်သည်။ သို့သော် နှစ်ကျများဖြစ်ကာ ရန်ဖြစ်ဆိုးသွမ်းလွန်းလို့ ကျောင်းမှအထုတ်ခံထားရသူများဖြစ်သည်။ ကျောင်းဆင်းတဲ့အချိန်ဆို သူတို့က အွန်းဟက်တို့လိုကျောင်းသားတွေဆီကနေ အနိုင်ကျင့်ပြီးငွေညစ်လေ့ရှိသည်။ အွန်းဟက်နဲ့တွေ့ပုံကတော့ လွန်ခဲ့တဲ့တစ်ပါတ်လောက်က အွန်းဟက်ရဲ့တစ်ခန်းတည်းအတူထိုင်သူငယ်ချင်း ဆိုးဘင်အားအနိုင်ကျင့်နေသည်ကိုတွေ့ရာမှ သူကဝင်ကာ တောင်းချင်ရင်ငါ့ဆီလာတောင်းဟု ပြောခဲ့မိရာမှစသည်။ ဆိုးဘင်က မပြေလည်တဲ့မိသားစုကမို့ အခက်မတွေ့စေချင်တာရယ် သူကလည်း ဒီမုန့်ဖိုးလောက်ပေးရုံနဲ့သူ့သူငယ်ချင်းကိုကူညီနိုင်သည်ဆိုပြီး အလွယ်တကူပြောခဲ့ခြင်းဖြစ်သည်။
သို့သော် သည်နေ့တော့ ပြဿနာကတက်ပြီ။ ကျောင်းမှာ စာအုပ်ဖိုးပေးလိုက်ရတာကြောင့် အွန်းဟက်မှာ မုန့်ဖိုးမကျန်တော့။ အွန်းဟက်စိတ်တအားညစ်နေပြီ။ဟိုတစ်ခါလို သူအထိုးမခံချင်။ သူတို့တွေက မပေးနိုင်ရင် ပညာပေးသည်ဟုဆိုကာ မပေးပေးအောင် လက်ပါကြသည်။ အနိုင်ကျင့်ရတာကိုပျော်နေကြတဲ့ပုံပဲ။

" ရား ကင်မ်အွန်းဟက် ဘာတွေကြာနေတာလဲ။ ပေးစရာရှိတာကောင်းကောင်းပေးလိုက်လေ ငါတို့အကြောင်းသိတယ်မလား "

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

Be My Boyfriend | WoonMyungz Where stories live. Discover now