part-10 (ဇာတ်သိမ်းမဟုတ်တဲ့ဇာတ်သိမ်းပိုင်း)

1.8K 23 0
                                    

ရသော် မေ့နေခဲ့စဲ။

ယခုထိလည်းသတိမရခဲ့။ဆရာဝန်ကိုလည်း နေ့တိုင်းပင့်ခဲ့ပြီး သူကိုယ်တိုင်လည်း နေ့မအိပ်ညမအိပ်နိုးလာပြီဆိုသည့်အတွေးဖြင့်စောင့်ကြည့်နေသည်မှာ ၃ရက်နီးပါးလောက်ဖြစ်သည်။

ဆရာဝန်၏အကြံပြုချက်အရ ဆေးရုံတင်ရန်သာဆုံးဖြတ်လိုက်သည်။

တစ်ကိုယ်လုံးလည်းမအိပ်ရသဖြင့် ပင်ပန်းနေ၏ အစာလည်းလုံးဝစားမဝင်ခဲ့။

ဝိုင်သည်လည်းအခုတလော မျက်နှာချောင်ကျသွားပြီး ကုမ္ပဏီအလုပ်ကိစ္စများကိုရပ်စိုင်းထားသဖြင့် မည်သည့်အရေးကြီးကိစ္စမဆို လုံးဝရပ်စိုင်းလိုက်ပြီး ကုမ္ပဏီသည်လည်း ဒေဝါရီခံလုနီးပါးဖြစ်သည်။

ရသော့်အား ဆရာဝန်ညွှန်းသောဆေးရုံအသေးလေးတွင်သာ ရရာအခန်းအတွင်းနေ၍သာ ငိုကြွေးခဲ့မိသည်။နေ့လည်းမနိုးလာခဲ့ ညလည်းမနိုးလာခဲ့ပေ။

ရသော်၏နှလုံးခုံသံသည်သာ ရပ်သွားခဲ့လျှင်။

"ရသော်ရယ် ဒယ်ဒီနောင်တတွေနောင်မှရခဲ့မိတယ်။"

"ဒယ်ဒီ မှားပါတယ်၊မှားခဲ့ပါတယ်။"

"ရသော်ကြိုက်တာလုပ်လေ ဒယ်ဒီနာခံပါမယ်  အခုတော့တစ်ခါလေးဘဲ ဒယ်ဒီ့ကိုလှည့်ကြည့်ပါ။"

မျက်ရည်များလဲ့လဲ့နေပြီး ငိုသံများပါခဲ့သည်။ပူဆေးသောကြောင့် ဝမ်းနည်းမှုမျက်ရည်များက စီးကြိုနေသည်။ဖြစ်နိုင်မယ်လိုလျှင်ပြေးဖက်ထားချင်သည်။

"ကျွီ !!!!!"

"မင်းငါ့ညီကို ဘာလုပ်လိုက်တာလဲ"

"မင်း"

"ခွပ် !!!!!"

ဘယ်လိုအဆက်အဆက်ဖြင့်ရသော့်အကိုရောက်လာမှန်းမသိ။တံခါးဆောင့်ဖွင့်ပြီး ဝိုင်၏မျက်နှာပေါ်သို့ အရှိန်ခပ်ပြင်းပြင်းလက်သီးတစ်ချက်သည် ပါးပြင်ပေါ်စို့ကျသွားလျှက်။

ဝိုင်တွင် ယခုတစ်လောပြောစရာစကားမရှိခဲ့။

၃ရက်မျှမေ့မျောနေသောရသော် ကိုမာ ဝင်နေသည် ကိုဆရာဝန်ကတော့ပြောခဲ့ပြီး ပြန်ကောင်းလာရန်အချိန် တစ်ပတ် မဟုတ်ရင် ၁လအထက်ကြာမည်။

MY STRANGER DADDYHikayelerin yaşadığı yer. Şimdi keşfedin