အပိုင်း ၂၂

910 66 12
                                    

သက်ကယ်မှတစ်ဆင့် မြေပြင်ပေါ်သို့မိုးရေစက်လေးများကျနေသည်ကို ထရံပြတင်းပေါက်လေးမှတစ်ဆင့် ငေးကြည့်နေသောမိန်းမတစ်ယောက်။ထိုမိန်းမသည် နွမ်းလျလျအင်္ကျီအားဝတ်ဆင်ထား၏။ပိန်လွန်း၍အင်္ကျီမှာပွပွလျလျရှိလှသည်။အသားတို့မှာလည်းမွဲခြောက်နေလေသည်။ပြီးလျှင် ထိုမိန်းမ၌ကိုယ်ဝန်လည်းရှိနေလေသည်။

ထိုလူမှာအခြားလူမဟုတ် မီးဖွားရန်ရက်အားလက်ချိုးရေကာစောင့်ဆိုင်းနေသော မခိုင်သာဖြစ်သည်။သို့သော် ယခုလက်ရှိမခိုင်နှင့်ဟိုးအရင်များကမခိုင်သည်လွန်စွာကွာခြားနေလေသည်။ယခုအချိန်တွင်မခိုင်ပါးစပ်မှတစ်ဖွားဖွားရွတ်နေလေသောသူမှာ အညိုသာဖြစ်သည်။

“အညို...အညို...အခုတော့အားလုံးကိုနားလည်နေပါပြီ”

…………………………………………………………………
ညကကိုမော်သည် အညိုနှင့်အတူမအိပ်ပါ။ကိုမော်သည်အိပ်ခန်းထဲတွင်အိပ်၍ အညို့အားဘုရားခန်းတွင်အိပ်စေသည်။သို့သော်ထိုအရာသည် အညို့အတွက်အသေးအဖွဲ့ကိစ္စလောက်သာဖြစ်သည်။

မနက်တွင်ပုံမှန်လုပ်နေကြအလုပ်များကို အညိုတန်းစီကာလုပ်နေလေသည်။ဒီအလုပ်များသည် အညိုလုပ်နေကြဖြစ်၍ နေသားကျနေလေပြီ။သို့သော်ကိုမော်သည် ယခုအချိန်ထိမနိုးသေးပါ။

“မြန်းညို...မြန်းညို”

ခြံထဲတွင်အလုပ်ရှုပ်နေချိန်တွင် အိမ်ထဲမှကိုမော်၏အော်ခေါ်သံကြောင့် အညိုအိမ်ထဲသို့ပြေးသွားရ၏။အိမ်ထဲတွင်ကိုမော်သည် တန်းလျားပေါ်၌ထိုင်နေလေသည်။

“ကိုမော်...ကိုမော် ဘာလိုလို့လဲ”

“မင်းကိုပြောစရာရှိလို့ ဒီမှာခဏလာထိုင်”

ကိုမော်ကအညို့အားပြောကာ ထိုင်နေရာမှအနည်းငယ်တိုးပေးလေသည်။

“မင်းကိုငါယူထားတာ...ပြီးတော့ မင်းငါ့ကိုအရင်ကလို ဓားပြပြန်တိုက်စေချင်လား”

“ဟို...ဓားပြတော့ပြန်မတိုက်ပါနဲ့ကိုမော်ရယ်...ကိုမော့်ကိုအညို ထက်အဖမ်းမခံစေချင်တော့ဘူး”

“အေး...ဒါပေမယ့် ငါကသိတက်စအရွယ်လောက်ကတည်းက ဒီအလုပ်လုပ်လာတာဆိုတော့ အခြားအလုပ်မလုပ်တတ်ဘူး...မင်းကငါ့ကိုဓားပြမတိုက်စေချင်ဘူးဆိုရင် မင်းငါ့ကိုလုပ်ကျွေးရလိမ့်မယ်”

ပန်းပန်ရင်နန်းဆန်တယ် (Completed)Where stories live. Discover now