S 2/9

481 52 10
                                    

Fri(end) S 2/9

ဒီရက်ပိုင်း ခန္ဓာကိုယ်က ပေါ့ပါးလွတ်လပ်သလို ခံစားရပြီး အေးချမ်းနေခဲ့သည်။မြင်သမျှ အရာရာဟာ လှပနေသလို ခံစားရပြီး အစားလည် တော်တော်ပုပ်လာသည်။အခုပဲစားပီ နာရီ ဝတ်ကျော်ကြာရင် စားချင်နေပြန်သည် မြင်သမျှစားမယ်ဆိုတာ ဖြစ်နေပေမယ့် ကိုယ့်ဘာသာ ထိန်းသိမ်းပြီး အသိဉာဏ်က မင်းဝတော့မယ် မစားနဲ့ဆိုပြီး ဘယ်လောက်တားတား မရစွာ စားလိုက်ရမှကျေနပ်သလိုဖြစ်ကာ နေသာထိုင်သာ ရှိသွားခဲ့သည်

ခုလည် မေမေတို့အိမ်က လာပို့ထားသော ကြက်ကြော် တစ်ပန်ကန်လုံး ထိုင်စားနေခဲ့ကာ မောင့်အတွက် ခွဲထားပေမယ့် မျက်လုံးက မစားရသေးသော မောင့်ပန်ကန်ဆီ ရောက်နေခဲ့သည်

ရေချို ခေါင်လျှောပြီး ဆံပင်တွေကို ရေသုတ်ရင်ထွက်လာသော မောင်က သူစားနေတာကို မြင်ပြီး သဘောကျစွာ ပြုံးလိုက်သည်

🐰""ဟာ စားပြန်ပြီးလား ခနက စားထားတာကို ဝိတ်တတ်ရင် မငိုနဲ့နော်""

🐥""အင်းပါ မောင် လာစားလေ အရမ်းကောင်းတာ အခုတလော ဘာ‌လို့ စားချင်နေမှန်ကို မသိဖူး""

ဂျောင်းကု တဖတ်ကို အပြင်မှာ သွားလှန်ရင် လှမ်းပြောလိုက်သည်

🐰""ကောင်းတာပေါ့ ဂျီ ကျန်မာလို့လေ ကျန်မာတော့ စားချင်သောက်ချင်စိတ်ပိုဖြစ်တယ် စားပါ မောင်က ဒီဝဝကစ်ကစ်လေးကို စားမယ်""

🐥""သေချာပေါက် ဝပြီထင်တယ် ဒီဘောင်ဘီက ဝတ်နေကျကို ခုခါးကနည်းနည်းလေကျပ်နေတယ် သိလား""

🐰""ဟုတ်လား မောင့် မျက်လုံးထဲတော့ မဝသေးပါဖူး""

ဂျောင်းကု ဆီတွေပေနေသော ဂျီ့ နူတ်ခမ်းလေးကို တစ်ရူနဲ့သုတ်၍ ပါးလေးကို နမ်းပြီး သူ့နေရာ ဝင်ထိုင်လိုက်သည်

လက်က ကြက်ကြော်ကို စားမလို့ အသားလွှာလိုက်ပေမယ့် မခံနိုင်စွာ ပျို့တတ်လာပြီ ဘေစင်ဆီပြေးရတော့သည်

ဂျီလည် ဆီပေနေသော လက်ကိုမြန်မြန်သုတ်ပြီး အနောက်က လိုက်ကာ လေတွေ အန်နေသော မောင့် ကျောပြင်ကို သပ်ချနေမိ၏

🐰""ဝေါ့ အ !!! Sorry ဂျီစားနေတာကို ရလား သွားပါ""

မျက်ဝန်ဝိုင်းတို့က မျက်ရည်တို့ ရစ်ဝိုင်းနေပြီး စားနေသော ဂျီ့ကို အာနာနေမိသည်

Fri(end)  ( I Can Fly Tomorrow) Uni+ZgWhere stories live. Discover now