002

232 43 14
                                    

ထူးဆန်းသည့် ကလေးငယ်......................။


" ပျော်ရွှင်ဖို့ ? ! ! .... ဟာ ဟား.. ဟား ! "

မထီမဲ့မြင် မျက်နှာထားနဲ့ ကျောဆိမ့်ဖွယ် လှောင်ရယ်သံက ရွာချနေသည့် မိုးရေစက်တွေနဲ့ အင်အားချင်းပြိုင်နေ သယောင်....။

" မဟုတ်ရင်ရော.... ဘာအတွက်လဲ.... မင်း ဒီနေ့အထိ မင်း မိသားစု မင်း အချစ် မင်း သူငယ်ချင်း မင်း မိတ်ဆွေ အကုန်ချနင်းပစ်ခဲ့ရတဲ့ ရည်ရွယ်ချက်က ဘာအတွက်လဲ... ဖြေလေ... ဂျီဟန်..."

ဂျီဟန် က သူ့ကို သေနတ်နဲ့ချိန်ရွယ်ထားတဲ့ သူ ရဲ့ စကားကို မဖြေဘဲ ခြေတစ်ဝါးစာသာ ချနိုင်သည့် အုတ်ဘောင်ပေါ် တက်ရပ်လိုက်သည်...။

" ဘတ်ဂျီဟန်... !!!! "

ဂျီဟန် အပြုအမူက ယောင်းမင် ရဲ့ စိတ်နှလုံးကို ပျာယာခတ်သွားစေကာ စိုးရိမ်တကြီး အော်လိုက်သည်...။

" ငါ မသိဘူး ...."

" ဘာ !!! "

" မင်း မေးတဲ့ မေးခွန်း အဖြေ ကို ငါ မသိဘူးလို့..."

ဂျီဟန် က ဘယ်လိုအမှားကြီးကိုပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့... နောင်တ ရနေသည့်ပုံ တစ်စက်ကလေးတောင် မပေါ်...။

" ဂျီဟန်ရား....ဝန်ခံလိုက်ပါ.... ဥပ‌ဒေ ရဲ့ လက်အောက်မှာ မင်း အပြစ်တွေကို ဆေးကြောလို့ အချိန်မီသေးတယ် "

" ငရဲ ရောက်မှပဲ........."

ယောင်းမင် စကားကို ကြောင့် ဂျီဟန် နှုတ်ခမ်းထောင့်စွန်းက အပေါ်သို့ကွေးတက်သွားပြီးနောက်မှာ ဂျီဟန် သည် လက်တွေဆန့်ထုတ်ကာ လိုက်ပြီး လေဟာနယ် ထဲသို့ ခုန်ချလိုက်တော့သည်............။

" ဘတ်ဂျီဟန် !!!!!!!!!!!!!! "

ယောင်းမင် သည် အလင်းလိုအလျင်ဖြင့် လှမ်းဖမ်းသော်လည်း ဂျီဟန် ကို ဖမ်းမမိနိုင်တော့ဘဲ ယောင်းမင်း ရဲ့ ယူကြုံးမရ အော်ဟစ်သံတို့သည့် မိုးချုန်းနဲ့ထက် ဟိန်းနေခဲ့တော့သည်...............................။

#cut

ဒါရိုက်တာရဲ့အော်သံအဆုံးမှာ မိုးရွာသွန်းနေမှုသည် ရပ်တန့်လို့သွားသည်...။ မန်နေဂျာ က အပြေးကလေး ဖော့ပြားတွေပေါ် လဲကျနေသည့် သူ့ မင်းသားကို သွားထူးကာ အမွေးပွ သဘတ်ကြီးတစ်ထည်လွှမ်းခြုံပေး လိုက်သည်..။

Zero Sugar DaddyTempat cerita menjadi hidup. Temukan sekarang