Ep(8)

272 65 6
                                    

ဒီနေ့လီဆာက အကလေ့ကျင့်ရန်အတွက်သွားလေ၍ Jane စာရေးနေသည်။အခုတလောJaneရေးနေသည်မှာအချစ်ခန်းများသာဖြစ်၏။ ယခင်ကမူ Jane၏စာများသည်အနုအရွနည်းပါးကာ ခပ်စပ်စပ်အရသာကလေးသာဖြစ်ပါသည်။

ဒါဟာလီဆာကြောင့်ပဲဖြစ်ရမည်။ အချစ်ဆိုတာကို လက်တွေ့မှာမခံစားဖူးခဲ့သည့်Janeအတွက်ယခင်ကရေးခဲ့သည့်စာများသည် စိတ်ကူးသက်သက်သာဖြစ်၏။ ယခုတွင်မူ ရေးနေသောဇာတ်ကောင်များ၏နေရာတွင် မိမိနှင့်လီဆာတို့ကိုမြင်ယောင်၍တောင်ရေးတတ်နေ၍ မိမိ၏စာကလေးများသည်ယခင်ကနှင့်မတူ တစ်မူထူးခြားကာနေလေပြီ။

လှပစွာပြီးဆုံးသွားသောဇာတ်ဝင်ခန်းတစ်ခုကိုရေးသားပြီးနောက် Jane ထိုင်ခုံမှထလိုက်သည်။
ဒီနေ့လျှော်စရာအဝတ်တွေက နည်းနည်းများသည်။ ရေမချိုးခင် လျှော်ဖွပ်ကာနေလှမ်းလိုက်၏။ သူ၏အဝတ်အစားများကိုယခင်က ပင်မင်းဆိုင်ထံပို့လေ့ရှိသည်ဟုသိရသည်။ ယခုတော့ သူ့အဝတ်များကိုJane ကိုယ်တိုင်သာလျှော်ပေး၏။

သူကတောင်းဆို၍တော့မဟုတ်ပါ။Jane လျှော်ပေးမည်ဆိုတာကိုပင်အားနာကာအတင်းတားသည့်သူဖြစ်၏။ Janeကိုယ်တိုင်ကိုကလုပ်ပေးချင်၍ လုပ်ပေးနေခြင်းလည်းဖြစ်သည်။

အဝတ်များအားရေညှစ် လှမ်းပြီးနောက်Janeလည်းတစ်လက်စထဲ ရေချိုးဖို့ပြင်လိုက်၏။ ရေချိုးပြီးထွက်အလာတွင် Jane၏မျက်လုံးလေးများဝိုင်းစက်သွားရ၏။

သူပြန်ရောက်နေတာပဲ။ သူကလည်း Janeကိုကြည့်ကာ နှစ်ယောက်လုံးကြက်သေသေသွားကြ၏။

ခဏကြာမှသတိဝင်လာကာ Jane သူ့ရှေ့မှပြေးထွက်လာခဲ့တော့၏။ အရင်ကသူအိမ်မှာရှိလျှင် ရေချိုးခန်းထဲတစ်ခါထဲအဝတ်တွေဝတ်ပြီးမှသာ ထွက်လာနေကျဖြစ်၏။ အခုသူမရှိတာကြောင့်သာ တံဘက်ပတ်၍ထွက်လာခဲ့ခြင်းဖြစ်သည်။

L''မမ ဝင်လာလို့ရပြီလား

J''ခဏနေအုံး

လီဆာတံခါးအပြင်မှာခဏစောင့်လိုက်ရသေးသည်။ လီဆာ့မျက်လုံးထဲတွင်တော့ ခုဏကမြင်လိုက်ရသည့် တံဘက်တစ်ထည်ထဲသာပတ်ထားသည့်မမ၏ ကိုယ်အလှလေးကိုသာပြန်မြင်နေမိလေသည်။

Until The Next LifeTempat cerita menjadi hidup. Temukan sekarang