Chapter 97 ( Extra 4 )

400 70 0
                                    

Chapter 97


အာရွန်၏မိဘများကလည်း ပျော်ပျော်ရွှင်ရွှင်ပင်တုံ့ပြန်လိုက်ကြ၏။ သူတို့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကာ့ပါးလီယာကိုကြည့်လေ၊ ပိုပြီးစိတ်ကျေနပ်လာကြလေပင်။

သူတို့သားဖြစ်သူ၏ ချစ်သူကောင်မလေးမှာ အမြင်လှပြီး သဘောလည်းကောင်းသည်။ သူတို့က စကားစတင်ပြောကြပြီး အာရွန်မှာကြားဝင်ပါ၍ပင်မရပေ။ သူသည် ကာ့ပါးလီယာကတည်တည်ငြိမ်ငြိမ်ထိုင်နေပြီး သူ့မိဘများ၏မေးခွန်းကို အလွယ်တကူဖြေကြားနေသည်ကို
ကြည့်နေသည်။

"မင်းပုံမှန်ဆိုဘာလုပ်တတ်လဲ၊ အာရွန်လို စူးစမ့်လေ့လာတာလား..."

အာရွန်မိဘများက သိချင်စိတ်ပြင်းပြနေကြလေ၏။

ကာ့ပါးလီယာက မျက်မှောင်ကြုတ်သွားသည်။

"အလုပ်ပါ..."

အာရွန်၏အမေဖြစ်သူမှာ ကာ့ပါးလီယာ၏တုံ့ပြန်ပုံကိုကြည့်ပြီး ချက်ချင်းခန့်မှန်းကြည့်လိုက်သည်။

"လျို့ဝှက်ထားရမယ့်ကိစ္စမလို့ ပြောလို့မရရင်လည်း ရပါတယ်ကွယ်.."

"မဟုတ်ဘူး၊ အဲဒီလိုမျိုးမဟုတ်ဘူး..."

ကာ့ပါးလီယာခမျာ သူမအလုပ်ကိုမည်သို့ရှင်းပြရမည်မသိဖြစ်နေလေသည်။

"ကျွန်မအလုပ်က...."

ကာ့ပါးလီယာက အရှင်းလင်းဆုံးပြောပြ၍ရမည့် စကားလမ်းကြောင်းကိုစဉ်းစားနေရပေသည်။

"ဂြိုလ်နဲ့စစ်တပ်ရဲ့စည်းမျဉ်းတွေကိုချပေးရတာမျိုးပါ..."

အာရွန်၏မိဘများ: "???"

သူတို့ ထိတ်လန့်သွားကြလေပြီ။

အာရွန်မှာ ဝင်ပြီးရှင်းပြရတော့၏။

"အဲဒါက..."

အာရွန် သူ့မိဘများကိုရှင်းပြရာတွင် အာရုံစိုက်ထားလိုက်သည်။ ငါးမိနစ်အကြာ ရှင်းပြပြီးသည့်နောက် အာရွန်၏မိဘများမှာ အဆိုပါရှင်းပြချက်ကိုကြားပြီး ရှော့ခ်ရနေကြဆဲပင်။ သူတို့သား၏ ချစ်သူကောင်မလေးက ဇက်မျိုးနွယ်၏ ဇက်စစ်တပ်လေးတပ်၏ခေါင်းဆောင်များအနက် တစ်ယောက်ဖြစ်နေသည်! အာရွန်၏မိဘများခမျာ ရှော့ခ်ရလွန်း၍လဲကျသွားရမတတ်ပင်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Tempat cerita menjadi hidup. Temukan sekarang