Part -(31)(Zawgyi)

26 1 0
                                    

"မင်းဘာလုပ်ဖို့စဉ်းစားထားလဲ"

လင်းရောင်ကြည်၏ အမေးစကားကိုမဖြေခင် အမောင် အရှေ့ကဝီစကီတစ်ဝက်ခန့်ရှိသောခွက်ကို ကောက်မော့လိုက်ပြီး

"ဒယ်ဒီက ဆေးရုံတက်နေတာဆိုတော့ ဒယ်ဒီအလုပ်တွေကိုတော့လတ်တလောဝင်လုပ်ပေးဖို့ စဉ်းစားထားတယ်။ ဒီကြားထဲ သူရိန်ထက်မြတ်ဆိုတဲ့လူကိုလည်း စောင့်ကြည့်ထားရမယ် ပြီးတော့ လန်လန့်ကို ၁ကနေပြန်စလိုက်မယ်"

"မင်း ဒယ်ဒီကိုသွားကြည့်ပြီးပြီလား"

မြူခိုးဝေ၏ အမေးကို အမောင်ခေါင်းရမ်းရင်းဖြစ်

"ဟင်အင်း"

အမောင်တို့ သုံးယောက်သည် ကလပ်တစ်ခု၏အတွင်းကျပြီး လူသိပ်မရှိသော ဝိုင်းတစ်ခုတွင်ထိုင်ကာ စကားပြောနေကြခြင်းဖြစ်သည်။

"သူရိန်ထက်မြတ်ဆိုတဲ့ လူကတော်ရုံမဟုတ်ဘူး ငါလုံးဝမထင်ထားဘူး နွဦေးအိမ်အကြောင်းစုံစမ်းလိုက်မှ အဲ့လူနဲ့ဆက်နွယ်နေတယ်ဆိုတာ သိရတာ သူ့ရဲ့နောက်ကွယ်မှာတစ်ခုခုတော့ရှိနေလောက်တယ်"

လင်းရောင်ကြည်၏စကားကို အမောင်က အလေးအနက်ထားပြီး စဉ်းစားနေဟန်ပြုပြီး

"အပုပ်နံ့ကို ဘယ်Brandedရေမွှေးမှ အချိန်အကြာကြားဖုံးမထားနိုင်ဘူး ငါ Tioletသွားအုံးမယ်"

မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လင်းရောင်ကြည် နဲ့ မြူခိုးဝေကိုအသိပေးကာ Tiolet ရှိရာသို့ ထွက်လာခဲ့သည်။

***

လူငယ်အများစုလွတ်လပ်ပျော်ပါးနေတဲ့ ဒီလိုနေရာမျိုးကို နွဦေးဒုတိယအကြိမ်မြှောက်ရောက်ရှိခဲ့ပြန်ပြီ UA မှာခင်ခဲ့တဲ့သူငယ်ချင်းရဲ့ ညီမလေးရန်ကုန်ရောက်လာပြီး အကိုဖြစ်သူကိုအဆက်သွယ်ဖြတ်ထားတာကြောင့် သူငယ်ချင်းကသေချာစုံစမ်းကြည့်တော့ ညီမဖြစ်သူက ညတိုင်းဒီ club လာနေကြဆိုတာ သိရတာကြောင့် နွဦေးကို UA ကအကူညီလှမ်းတောင်ခြင်းကြောင့် နွဦေး ဒီနေရာကို ဒုတိအကြိမ်ထပ်ရောက်လာခြင်းဖြစ်သည်။သူငယ်ချင်း၏ညီမဖြစ်သူနှင့် UAတွင်နှစ်ခါလောက်တွေ့ဖူးသောကြောင့်တော်သေးသည်။သို့မဟုတ်ပါက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်ထက်ဆိုးသွားနိုင်သည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now